Wednesday, July 11, 2007

အနီရောင် အိမ်မိုးလေးတွေ

အပြာရောင် မိုးသားအောက်မှာ တောင်တန်းတွေ ရှိတယ် ၊
တောင်တန်းတွေထက်က မျှော်ကြည့်လိုက်တော့

အနီရောင် အိမ်မိုးလေးတွေက အောက်ဘက်မှာ . . . . . .

အနီရောင် အိမ်မိုးလေးတွေ အောက်မှာ
ကလေးငယ်တွေရဲ့ ကဗျာရွတ်သံတွေ ရှိတယ်၊

အနီရောင် အိမ်မိုးလေးတွေ အောက်မှာ
ကွဲအက်နေတဲ့ နှလုံးသားတစ်ချို့ ရှိတယ်၊

အနီရောင် အိမ်မိုးလေးတွေ အောက်မှာ
မနက်ဖြန်အတွက် မျှော်လင့်ချက်တွေ ရှိတယ်၊

အနီရောင် အိမ်မိုးလေးတွေ အောက်မှာ
ကြိုးပြတ်နေတဲ့ ဂစ်တာတွေ နဲ့
အသံတိတ်နေတဲ့ စန္ဒယား အနည်းအကျဉ်း ရှိတယ်၊

အနီရောင် အိမ်မိုးလေးတွေ အောက်မှာ
ဝေးကွာခြင်းအတွက် အလွမ်းတွေ ရှိတယ်၊

အနီရောင် အိမ်မိုးလေးတွေ အောက်မှာ
အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ဧည့်သည်တွေ ရှိတယ်၊

အနီရောင် အိမ်မိုးလေးတွေ အောက်မှာ
မွေးဖွားခြင်း နဲ့ သေဆုံးခြင်းတွေ ရှိတယ်၊

အနီရောင် အိမ်မိုးလေးတွေ အောက်မှာ
ချစ်ခြင်းမေတ္တာ နဲ့ ကြင်နာမှုတွေ ရှိတယ်၊

ကြယ်တွေစုံတဲ့ည
အနီရောင် အိမ်မိုးလေးတွေ အောက်မှာ
အိပ်မက်လှလှတွေ ရှိပါစေ . . . ။

2 comments:

eithu said...

beautiful one :)

victor john(Ptrofessional Hair Stylist) said...

i have painted the read color on the roof of house at taunggyi in 2000. yes, i was 10th standard at the time. most of house from pyi thaw thar and yadana thiri quater was painted by me..i am not a artistic but i had make my home town beautiful.