Wednesday, July 11, 2007

အေးချမ်းရွှေပြည် ပြခန်းဆောင်ဈေးကြီး

ကိုကျော်စွာ တင်ပေးထားတဲ့ Post ကို ထပ်ပြီး ဖြည့်စွက် တင်ပြတာပါ..
အဲ့ဒီ Project ကို Aye Chan Shwe Pyi Corridor-Expo-Mall လို့ နာမည်ပေးထားပါတယ်..
တောင်ကြီးမြို့ အတွက် Landmark တစ်ခုဖြစ်လာမဲ့ အဆောက်အဦးကြီးပါ..

တည်နေရာ
သံလွင်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား၊ ကုန်သည်လမ်းနှင့် မြကန်သာလမ်းကြား။

အကျယ်အ၀န်း၊
၂၂ပေ x ၇၀၀ပေ။

သံကူကွန်ကရစ် နဲ့ သံဒိုင်း (Steel Structure) တွေကို အခြေခံပြီး မြန်မာ့ခေတ်ရှေ့ပြေးဗိသုကာဟန် ပုံစံ တည်ဆောက်မှာဖြစ်ပါတယ်.. အဲ့ဒီ အဆောက်အဦးမှာ ပါဝင်မှာတွေက တော့ ဈေးဆိုင်ခန်းတွေ၊ အများပြည်သူ လျောက်လမ်း (အပေါ်၊ အောက်)၊ Open Type ပြပွဲကျင်းပဖို့ နေရာတွေ၊ Hall Type ပြပွဲကျင်ပဖို့ နေရာနဲ့ ကားရပ်နားဖို့ နေရာတွေပါမှာ ဖြစ်ပါတယ်..

မြန်မာပြည်တစ်ခုလုံး အတိုင်းအတာ အနေနဲ့ မရှိသေးတဲ့ Design ပုံစံ နဲ့ တည်ဆောက်မှာဖြစ်ပါတယ်.. အဆောက်အဦးကြီးက အရင် ရေမြောင်းနေရာပေါ်မှာ Base ထားပြီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာပါ အနည်းငယ်နေရာယူမှာဖြစ်ပါတယ်..

အဲ့ဒီ အဆောက်အဦးသာ ပြီးသွားခဲ့ရင်တော့ တောင်ကြီးသားတွေ ဂုဏ်ယူရမဲ့ အရာတစ်ခုဖြစ်လာမှာ အမှန်ပါ..
ဖော်ပြပါပုံတွေက တော့ ကနဦး Design Plan တွေဖြစ်ပါတယ်.. အခု အခြေအနေမှာတော့ အနည်းငယ်အပြောင်းအလဲ ရှိနိုင်ပါတယ်..