Sunday, July 15, 2007

တန်ဆောင်တိုင် ၊ ၁၁ ယောက်နှင့် ကိုဟန်ကြည်ပျောက်တဲ့ည

တိုင်ဆောင်တိုင် နှင့် ပတ်သက်ပြီး ကျွန်တော့ အမှတ်တရလေး ကို ပြောပြချင်ပါတယ်......

ဖြစ်ပုံက ဒီလိုပါ.....................................

မန္တလေးမှာ ကွန်ပျူတာ မာစတာ တက်နေတဲ့ ကျွန်တော် တို့ နဲ့ သိတဲ့ အစ်ကိုကြီးက သူ့ သူငယ်ချင်း ၁၁ ယောက်ကို တောင်ကြီးတန်ဆောင်တိုင် ခေါ်လာပါတယ်။ အဲဒီ ၁၁ ယောက်ကလည်း တကယ့်ကို ကျားတွေပါ ခင်ဗျ.. ဘုရားစူပါ.အားလုံးကျားတွေ ပဲဆိုတော့ ထုံးစံအတိုင်းပေါ့.. အသောက်လေးလည်း ပါကုန်တာပေါ့... မီးပုံးပျံ ပွဲကို သွားတော့ သူတို့ တဖွဲ့လုံးက ozone ဆိုတဲ့ မီးပုံးပျံ အဖွဲ့ နဲ့ လိုက်သွားပါတယ်.. အသွားတုန်းက တော့ အဆင်ကို ပြေလို့... ozone မီးပုံးပျံ အဖွဲ့ လွတ်ပြီးသွားတော့..သူတို့ ၁၁ ယောက်က ozone နဲ့ လိုက်မပြန်ပဲ တစ်ခြား မီးပုံးပျံ တွေကိုလည်း အနီးကပ်ကြည့်ချင် တယ်တဲ့လေ...အဲဒါနဲ့ ကျွန်တော်တို့ အစ်ကိုကြီးက "အေးဒါဆိုလည်း" လူတော့မကွဲ စေနဲ့ တကယ်လို့ ကွဲ ခဲ့ရင် ကားထားတဲ့ နေရာကို ပဲ ပြန်လာ လို့ မှာလိုက်တယ်.. အဲဒီမှာ ကျွန်တော် တို့ ဇာတ်လိုက်ကြီး ကိုဟန်ကြည် က ပါလာပြီ။ သူက ပခုက္ကူသား ၊ အသားက မဲမဲ ၊ ပိန်ပိန် နဲ့ ဦးထုပ်က အဖြူရောင် ဆောင်းထားတယ်။ ကျွန်တော်တို့ ထင်ထားတဲ့ အတိုင်းပဲ မီးပုံးပျံက လောင်ပြီး ကျပါလေရော... ပြေးလိုက် ကျတာ တကွဲ တပြား စီပဲ... အားလုံး ပုံမှန်အတိုင်း ဖြစ်တော့ ကိုဟန်ကြည်က ပျောက်ပါလေရော.. တစ်ခြားနယ်က လာတယ်ဆိုတော့ ကျွန်တော်တို့ကလည်း စိတ်ပူတာပေါ့.. ချိန်းထားတဲ့ အတိုင်း ကားနားမှာလဲ မတွေ့. မီးပုံးပျံ ပွဲကလည်း ပြီးပြီ..ကျွန်တော်တို့ အစ်ကိုကြီးက ကျန်တဲ့ ၁၀ ယောက်ကို သူ့အိမ်ကို ခေါ်ပြန်သွားတယ်...ကျွန်တော်တို့ကလည်း ၁၁ ယောက်လုံးကို ရုပ်တွေ မမှတ်မိပါဘူး.. အဲတော့ သူအမှတ်သညာပေါ့ ဦးထုပ် အဖြူ ရောင်တွေလိုက်ကြည့် ရတာပေါ့.. နောက်ဆုံးတော့ မထူးပါဘူးလေ ဆိုပြီး.. "ကိုဟန်ကြည်ရေ" လို့လမ်းမှာ အော်ပြီး ၊ အိမ်ပြန်တဲ့သူတွေရဲ့  မျက်နှာတွေကို လိုက်ကြည့်ပါတယ်.. သူ့နာမည် အော်ရင် ငါတို့ကို ကြည့်မှာပဲ ဆိုတဲ့ စိတ်ကူးနဲ့ပါ.. ကျွန်တော်တို့ အဖြစ်ကို တွေးကြည့်ပါ.. တွေ့သမျှလူတိုင်းကို လိုက်ကြည့်နေရတဲ့ အဖြစ်။ နောက်ဆုံးတော့ မီးပုံးပျံကွင်းထဲမှာလည်း လူကုန်ပြီ။ ကျွန်တော်တို့ အစ်ကိုကြီးက အိမ်ကို ဖုန်းဆက် မေးတော့ ဇာတ်လိုက်ကြီး ကိုဟန်ကြည်က အိမ်ရောက်နေပြီတဲ့။ နာရီ ကြည့်လိုက်တော့ မနက် ၄ နာရီ ထိုးပြီ.. အိမ်ရောက်တော့ ကျွန်တော်တို့ အစ်ကိုကြီးက ကိုဟန်ကြည်ကို ဆူတာပေါ့.. သူကဘာမှ ပြန်မပြောရှာပါဘူး..မျက်နှာငယ်လေးနှင့်ပါ.. ကျွန်တော်က "အင်းဗျာ ..အခု မှ ပဲ ကိုဟန်ကြည်ကို မှတ်မိတော့တယ်လို့" ကျွန်တော်တို့က ဦးထုပ်ဖြူ လေးကို ကြည့်ပြီလိုက်ရှာနေရတာ လို့ပြောတော့ ..သူက ရယ်နေတယ်.. "ဒါကျွန်တော့ ဦးထုပ်မဟုတ်တော့ဘူးတဲ့.." မီးပုံးပျံလောင်တော့ ထွက်ပြေးတုန်းက ဆွဲမိဆွဲရာ ဆွဲလာတဲ့ ဦးထုပ်တဲ့...ဟုတ်ပ ကြည့်လိုက်တော့ မိန်းမဆောင်း ဦးထုပ် အဖြူရောင်လေး....

အခုတော့ ကိုဟန်ကြည်က တရားဘောင်ထဲမှာ ပျော်မွေ့ နေပြီတဲ့လေ...............................................

No comments: