Sunday, July 29, 2007

ချယ်ရီတွေ စိုက်ပါပြီ

တောင်ကြီးမြိ့မှာ ချယ်ရီပင်တွေ နည်းလာလို့ စိတ်မကောင်းတဲ့သူတွေ၊ ချယ်ရီတွေ အရင်ကလို ဝေနေတာ ပြန်တွေ့ချင်၊ မြင်ချင်တဲ့သူတွေ အတွက် သတင်းကောင်းပါ။ အေးသာယာကနေ တောင်ပေါ် အတက်လမ်းနဲ့ တောင်အောက် အဆင်းလမ်းတွေမှာ ချယ်ရီပင်တွေ သစ်တောက စိုက်နေတာ လမ်းသွားရင်းတွေ့ခဲ့ပါတယ်။ Camera မပါလို့ မရိုက်ဖြစ်ခဲ့ပေမဲ့ ချယ်ရီချစ်သူများအတွက် ကောင်းသတင်းလေး ပြန်ပြောပြတာပါ။ လမ်းဘေး တစ်လျှောက် ချယ်ရီပန်းတွေ သာမက တစ်ခြား အလှပန်းတွေ စိုက်ထားတာ တွေ့ခဲ့ရပါတယ်။ ထုံးဖြူ သုတ်ထားတဲ့ ၀ါးတိုင်လေးတွေ တွေ့လို့ သေသေချာချာ ကြည့်လိုက်တာ ချယ်ရီပင်တွေ ဖြစ်နေတာ ၀မ်းသာစွာပဲ တွေ့ခဲ့ရပါတယ်။

နောက်ပြီး ကျွန်တော်လဲ ချယ်ရီပင်တွေ တနိုင်တပိုင် စ စိုက်ပါပြီ။ အိမ်က ဥယျာဉ်လေးထဲမှာ ချယ်ရီပင်လေးတွေ သက်စိ စိုက်ထားလိုက်ပါပြီ။ [ တောင်ကြီးချယ်ရီမှာ အက်တမင်ယူထားပြီး ကိုယ်တိုင်ချယ်ရီ မစိုက်ဘူးလားလို့ အပြော မခံရအောင်ပါ။ :) ]

တကယ်တော့ တောင်ကြီးမှာ ချယ်ရီတွေ ဝေနေတာကို ကျွန်တော်လဲ မြင်ချင်ပါတယ်။ ချယ်ရီပန်းတွေ ပြန်တွေ့ ရမယ်လို့လဲ ကျွန်တော့် စိတ်ထဲ ယုံကြည်နေ ပါတယ်။

ဒီနေ့တော့ ချယ်ရီပင် တစ်ပင်အောက် ရောက်တုံး ချယ်ရီပင် ပေါက်တွေ တွေ့တာနဲ့ သက်စေ့နှုတ်ပြီး ခြံထဲက မြေလွတ်လေးမှာ ချယ်ရီဥယျာဉ်လေး လုပ်လိုက်ပါပြီ။ ပုံမှာ အပင်လေးတွေ နွမ်းနေပါတယ်။ အခုပဲစိုက်လိုက်တာပါ။ လမ်းမှာ ကြာသွားလို့ နဲနဲ နွမ်းသွားတာ။ ဒါပေမဲ့ သူတို့တွေ ရှင်သန်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

နောက် ၄၊ ၅နှစ်လောက်မှာ ချယ်ရီပွင့်တွေ ဝေနေတဲ့ အပင်တွေအဖြစ် သူတို့ကို ကျွန်တော်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

5 comments:

လင်းမိုးလက် said...

ကြားရတာ ဝမ်းသာစရာပါ . . .
ကောင်းလေစွ ကောင်းလေစွ ။

နိုင်းနိုင်းစနေ said...

အပင်တွေ စိုက်ထားတာ ကပ်လွန်းနေဘူးလား.. အပင်ကြီးထွားဖို့ နေရာကျဉ်းနေတယ်း) အပင်တွေကြီးလာရင် တပင်နဲ့ တပင်ကပ်နေလို့ ဒုက္ခရောက်အုန်းမယ်း)

Taunggyi - The Cherry Land said...

အပင်တွေက ပျိုးယုံသက်သက်ပဲ ရှိသေးတာ၊ ကြီးရင့် သန်မာလာတဲ့ တစ်နေ့တော့ နေရာပြောင်းပြီး၊ ခွဲစိုက်မယ်လေ။ အဲ့ဒီလိုလဲ ဖြစ်တယ် မဟုတ်လား။ :)

yma said...

Admin ပြောမှ ပဲ ကျွန်တော်လဲ စိုက်ဖို့ စိတ်ပါလာပြီ... ပြောရဦးမယ် ကျွန်တောက Admin ထက် များအောင်စိုက်တော့မှာနော်.. ဟီဟီ ချယ်ရီပင်တွေ ပြိုင် စိုက်ကြမလားဗျို့...

Unknown said...

2015-10-09 zhengjx
ugg boots
ugg boots
Ray Ban Sunglasses Outlet Store Online
coach factory outlet
toms outlet
coach factory outlet online
Abercrombie & Fitch Clothing With Big Discount
Cheap Jordan 13 Shoes For Sale Free Shipping
Ugg Boots,Ugg Boots Outlet,Ugg Outlet,Cheap Uggs,Uggs On Sale,Ugg Boots Clearance,Uggs For Women
Louis Vuitton Outlet Handbags Pursers In USA
michael kors handbags
ugg boots sale
ralph lauren
louis vuitton
Kobe Shoes,Kobe 9,Kobe 8 Discount
Mont Blanc Pens For Sale
Cheap Michael Kors Handbags On Sale
Christian Louboutin Outlet For Women
Cheap Louis Vuitton Handbags Luggage Bags Sale
michael kors outlet
abercrombie & fitch
coach outlet store online
Louis Vuitton Outlet Authentic Handbags Discount
fitflops
Hollister UK Clothing Store
canada goose
michale kors outlet
Christian Louboutin Shoes Outlet Sale Cheap Price
Canada Goose,Canada Goose Outlet,Canada Goose Jackets,Canada Goose Sale
Cheap Jordans Shoes For Sale