Tuesday, July 10, 2007

တစ်ချိန်ကချယ်ရီမြို့

ဒီဇင်ဘာလ နံနက်ခင် တစ်ခုမှာ နှင်းမြူတွေက တစ်တောင်လုံးကို ဖုံးလွှမ်းထားပါတယ် ။ အဲဒီလို အချိန်မျိုးမှာ တောင်ကြီးမြို့  ရှိ တောင်တန်းများမှာ ပန်းနုရောင် ချယ်ရီပန်းများ က တစ်တောင်လုံးကို အလှဆင်လျှက်ရှိပါတယ်။ အဲဒီအချိန်က ကျွန်တော်က ကလေးအရွယ် ပဲရှိသေး တော့ သဘာဝရဲ့ အလှကို သိပ် မခံစားတတ် သေးဘူးပေါ့ဗျာ။ အခုတော့ တစ်တောင် လုံးဖုံးလွှမ်းနေတဲ့ ချယ်ရီပန်းတွေရဲ့ အလှဟာ ဟို ကျွန်တော်ငယ်ငယ် တုန်းကလို မရှိတော့ဘူးဗျာ။ တောင်ကြီးမြို့  ရဲ့ ရာသီဥတုက ဟိုအရင် အချိန်ကထက် ပူလာတော့ ချယ်ရီတွေလည်း တစ်တောင်လုံး မပွင့် တော့ဘူးဗျာ ။ နည်းနည်းပဲပွင့်တော့တယ် ။ ဒါပေမဲ့ကျန်တော့ ကျန်သေးတာပေါ့။ ဟိုအရင်က ဆိုရင်တော့ တစ်တောင်လုံးကို ဖုံးလွှမ်းနေတာကို ။ အခုက ဟိုအရင်လို မပွင့်တော့ဘူးပေါ့ ဗျာ ။ရာသီဥတုပြောင်းလာတော့ ချယ်ရီတွေက သိပ်မပွင့်တာလည်း ပါမှာပေါ့။ ဘယ်လောက်ပဲ ရာသီဥတု ပြောင်းလဲပါစေ တောင်ကြီးမြို့  ဟာ ချယ်ရီမြို့  ရဲ့  သင်္ကတတစ်ခု ဖြစ်တဲ့အတွက် တောင်ကြီးမှာ ချယ်ရီတွေ မပွင့်ဘူးဆိုတာ မရှိလောက်ပါဘူးနော်... ။ ကျွန်တော့ စိတ်ထဲမှာတော့ တောင်ကြီးမြို့  ဟာ ဆောင်းရာသီမှာအမြဲတမ်းနှင်းမြူတွေကြားမှာ ချယ်ရီတွေဝေဆာနေတဲ့ အင်မတန် လှပတဲ့မြို့ ကလေးတစ်မြို့  (ချယ်ရီမြို့ ကလေးတစ်မြို့  ) အဖြစ်အမြဲ တမ်း ပဲမြင်နေမိပါတယ် ။