Sunday, July 29, 2007

ဇရာနဲ့ယှဉ်သော သံဝေဂ


သူငယ်ချင်းမိသားစုနဲ့ တောင်ကြီး သွားတုန်း တွေ့မြင်ခဲ့ရတဲ့ ဆိုင်းဘုတ်လေး တခု အကြောင်းပါ။ ရန်ကုန်ပြန်မဲ့မနက်မှာ တောင်ကြီးမြို့တခုလုံးကို စီးမြင်ရတဲ့ ရှုခင်းလည်း ခံစားရင်း၊ ဘုရားလည်းဖူးရင်း ဆိုသလို မြစိမ်းတောင်၊ ရွှေဘုန်းပွင့် စတဲ့ တောင်ပေါ်က ဘုရားတွေကို ရောက်ခဲ့ပါတယ်။ မြစိမ်းတောင်ပေါ်ရောက်တော့ ကျွန်မတို့က ဘုရားမဖူးသေးခင် ရှုခင်းတွေကြည့်ဖို့ ဓာတ်ပုံရိုက်ဖို့လောက်ပဲ အားသန်နေတော့ ဒီဆိုင်းဘုတ်လေးကို မတွေ့မိပါဘူး။ ဒါနဲ့ ကျွန်မသူငယ်ချင်းရဲ့ဖေဖေက ခေါ်ပြီး ဆိုင်းဘုတ်လေးကို ဖတ်ခိုင်းပါတယ်။ အန်ကယ်ဆရာဝန်ကြီးက “သမီးတို့ရေ..ဘယ်လောက်ကောင်းလိုက်တဲ့ စာလည်း လာဖတ်ကြည့်ပါ” လို့ပြောတော့ ကျွန်မတို့လည်း ဓာတ်ပုံရိုက်၊ အဝေးက ရှုခင်းကြည့်နေရာက အန်ကယ်ပြတဲ့ ဆိုင်းဘုတ်လေးကို ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီ စာလေးကအဓိပ္ပါယ် ရှိတာနဲ့အတူ အားလုံးကိုလည်း တရားသဘောနဲ့နှိုင်းယှဉ်ပြထားတာကြောင့် အန်ကယ်ကဓာတ်ပုံရိုက်ယူခဲ့တာပါ။ ကျွန်မအတွက် သတိရရင် ရသလို ခဏခဏ ထုတ်ဖတ်ဖြစ်တဲ့စာတခုဆိုရင်လည်း မမှားပါဘူး။ အားလုံးလည်း ဖတ်လို့ရအောင် တောင်ကြီးချယ်ရီမြေမှာ ဝေမျှပေးလိုက်ပါရစေ။

အခုဆိုရင် ကျွန်မသူငယ်ချင်းနဲ့ရော ၊သူ့မိသားစုနဲ့ပါ အကြောင်းကြောင်းတွေကြောင့် ဝေးနေကြပေမယ့် စိတ်ချင်းကတော့ နီးနေတုန်းပါပဲ။ ၂၀၀၄ ဧပြီတုန်းက သွားခဲ့တဲ့ တောင်ကြီးခရီးဟာ အခုဆိုရင် ၃ နှစ်ကျော်ခဲ့ပါပြီ။ အဲဒီ့တုန်းက ဓာတ်ပုံတွေပြန်ကြည့်မိရင် မနေ့တနေ့ကမှ တောင်ကြီးက ပြန်ရောက်လာသလိုမျိုး ခံစားရပါတယ်။

ဒီနေ့ဟာ ၀ါဆိုလပြည့်၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တာဆိုတော့ ဒီပို့စ်ကိုလည်းရေးရင်း ကျွန်မရဲ့ မိဘ ၂ ပါးနဲ့အတူ သမီးရင်းနဲ့မခြား ချစ်ခင် ဂရုစိုက်တဲ့ အန်ကယ်နဲ့ အန်တီကို စိတ်က ရည်မှန်းရင်း ကန်တော့လိုက်ပါရစေ။

မရန်ကုန်သူ

5 comments:

နေလင်း said...

အရမ်းကောင်းတဲ့ အတွေးပါပဲ... ကျေးဇူးတင်ပါတယ်.. မရန်ကုန်သူရေ...

yma said...

မရန်ကုန်သူရေ အရမ်းကောင်းတဲ့ စာပိုဒ်လေးပါပဲ.. ကျွန်တော်လဲ ကိုယ့်ကိုယ်ကို သတိပေးရဦမယ်... အခု Post အတွက် ကျေးဇူးတကယ် တင်ပါတယ်..

နိုင်းနိုင်းစနေ said...

ကျေးဇူးပါ မရန်ကုန်သူရေ...
အရင်တုန်းက ဘုရားကို ရောက်ပေမယ့် အဲဒီစာကို မတွေ့ဖူးဘူး
ခွင့်ပြုမယ်ဆိုရင် ကျွန်မဘလော့ဂ်မှာ အဲဒီစာလေးကို ဖော်ပြခွင့်ပေးပါ

Unknown said...

Thanks for ur sharing, I know Taunggyi very closely. But haven't been to that pagoda and so don't get a chance to read. Now,I know it without getting there.

Ma Yangon Thu said...

naylinn , ကိုရဲမြန်မာ, hko>> ကျွန်မလည်း အဲဒီစာလေးကို ကြိုက်လို့ တောင်ကြီးချယ်ရီ မှာတင်မယ်ဆိုပြီး စိတ်ကူးရပြီးတင်လိုက်တာပါ။ ဒီစာကနေ တခုခုရတယ်ဆိုရင် ကျေနပ်စရာပါပဲ။း)

နိုင်းနိုင်းရေ.. ဒီစာက ကျွန်မကိုယ်ပိုင်လည်း မဟုတ်ပါဘူး။ သူငယ်ချင်း ဖေဖေ က ဓာတ်ပုံရိုက်ယူထားတာကို ကျွန်မကလည်း ကူးယူထားမို့လို့ အခုလို တဆင့်ပြန်မျှဝေနိုင်တာပါ။ နိုင်းနိုင်း blog မှာလည်း ယူသုံးနိုင်ပါတယ်။း)