Tuesday, July 24, 2007

ကဗျာတစ်ပုဒ်

``ငါတို့တတွေရဲ့
အနာဂါတ်အတွက်

အလင်းရောင် လာဖို့
ငါတို့တွေ ထိုင်စောင့်ကြမှာလား..

အလင်းရောင်ရှိရာ
ငါတို့ သွားကြမှာလား..

ကိုယ့်ကိုယ်ကို လင်းလက်လာအောင်
ငါတို့ လုပ်ကြမှာလား..

မင်းအတွက် မင်းကြိုက်ရာတစ်ခုရွေးပါ..

ငါကတော့
သူများတွေ
ခဏတာ အမှောင်ပျောက်လို့
အလင်းရနိုင်အောင်..

ငါ့ကိုယ်ငါ လောင်မြိုက်ရမယ်ဆိုရင်လဲ..
ပိုးစုံးကြူးတစ်ခုသာသာ အလင်းဖြစ်ပါစေ
ရဲဝံ့စွာနဲ့ ငါ စတေးရဲတယ်..

ဒီလမ်းကိုပဲ ငါရွေးမယ်..´´

ဘာရယ်မဟုတ်ပါဘူး။ သူများတွေ ကဗျာရေးတာ အားကြလို့ မတောက်တခေါက် ရေးကြည့်တာပါ။

2 comments:

ကျော်စွာ said...

အက်တမင်ရေ.. ကဗျာခေါင်းစဉ်က ကဗျာတပုဒ် ပဲလား .. သပ်သပ်ရှိသေးလား

Taunggyi - The Cherry Land said...

ကျွန်တော် ကဗျာမရေးတက်ဘူးဗျ။ လျှောက်ရေးကြည့်တာ ခေါင်းစဉ်လဲ မပေးတက်ဘူး။ အဲ့ဒါကြောင့် ကဗျာတစ်ပုဒ်လို့ပဲ ပေးလိုက်တာ။