Friday, July 6, 2007

ဖက်ထုပ်ကြော်

အိမ်ပြန်ဖြစ်တဲ့ တနေ့ကျရင် အိမ်ရောက်ရောက်ချင်း အဖေ နဲ့ အမေကို ပြေးဖက်...
ပစ္စည်းတွေ ပစ်ချပြီး အရင်ဆုံးလုပ်မယ့် အလုပ်က ဖက်ထုပ်ကြော်ဆိုင်ကို ပြေးပြီး ပွဲကြီးတပွဲ နဲ့ မြီးရှည် မှာမယ်...
((အစားပုတ်လိုက်တာလို့ မပြောကြပါနဲ့ မစားရတာကြာပြီမို့လို့ပါ))...
ရေနွေးကြမ်းခွက်ဆေး ရေနွေးလေး ငှဲ့ပြီး ဟိုငေးဒီငေး အေးဆေးထိုင်စောင့်မယ်...
အဲ... ထိုင်ခုံ မရရင်တော့ သူများအထကို စောင့်ပြီး လုရမှာပဲ...
ပြီးရင်တော့ ဖက်ထုပ်ကြော်လေးစားလိုက် လာစားတဲ့ သူငယ်ချင်းတွေနဲ့ ဆုံရင် ပြုံးပြလိုက်ပေါ့...

ဒီဆိုင်လေးမှာ အဖေ အမေ လက်ကို ဆွဲပြီး
တောက်တောက်တောက်တောက်နဲ့ လမ်းလျှောက်တတ်တဲ့ အရွယ်ကတည်းက
ချစ်တဲ့ မောင်နှမတွေနဲ့ တမိသားစုလုံး အတူစားခဲ့တယ်...
သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည် တတ်လာတော့လည်း ကျောင်းစိမ်းလေးတွေနဲ့ သွားစားဖြစ်ကြတယ်...
ချစ်သူ ရလာတဲ့အချိန်ကျတော့လဲ အတူဆုံတိုင်း အရင်ဆုံးသွားဖြစ်တာ အဲဒီဆိုင်လေးပဲ...
အချိန်နဲ့အမျှ ဖက်ထုပ်ကြော်ဆိုင်လေးရဲ့ အဆင်အပြင်တွေ
ပြောင်းလဲကောင်း ပြောင်းလဲသွားလိမ့်မယ်...
ဒီထဲမှာ တွေ့ကြ ဆုံကြ ချစ်ကြ မုန်းကြတဲ့ ဖြစ်ရပ်ပေါင်းမြောက်မြားစွာကို သိမ်းဆည်းထားဆဲပဲ...

လူတိုင်းကပြောကြတယ်...
အဲဒီဆိုင်ထက်ကောင်းတဲ့ ဖက်ထုပ်ကြော်ဆိုင်တွေ အများကြီးပဲ...
ဘာဖြစ်လို့ အဲဒီဆိုင်ကိုပဲ တမ်းတမ်းစွဲဖြစ်နေသလဲ နားမလည်ဘူးတဲ့...
တခြားဆိုင်က ဖက်ထုပ်ကြော်တွေက ပိုကောင်းရင် ကောင်းနေလိမ့်မယ်...
ဒါပေမယ့် ကိုယ့်အတွက်တော့ တောင်ကြီးက ဖက်ထုပ်ကြော်က ပိုချိုတယ်...
(မျက်နှာလိုက်တယ်ပြောပြော)
ပတ်ဝန်းကျင်မှာ တောင်ကြီး လေသံဝဲ၀ဲတွေ လွင့်မျော...
အမှတ်တရတွေက ကိုယ့်နံဘေးမှာ ခုန်ပေါက်ပြေးလွှား...
နောက်ဆုံး တကိုယ်လုံး လှုပ်ရှားမောင်းနှင်ဖို့ ရှူသွင်းလိုက်တဲ့လေက
ရှင်းတဲ့ သန့်တဲ့ အေးမြတဲ့ တောင်ကြီးလေထု...
ကဲ... ဘယ်လောက်ပြီးပြည့်စုံတဲ့ မနက်ခင်းလေးလဲ...

14 comments:

ကျော်စွာ said...

desert moon
ငါတို့ ဖက်ထုပ်ကြော်ပုံတွေ အများကြီးပို့ပေးမယ်နော်...

Color Blind said...

ဟီးဟီး..ဖက်ထုပ်ကြော်ပဲ ပို့...
ဖက်ထုပ်ကြော်ပုံက စားလို့လဲ မရဘူး...
:P

နိုင်းနိုင်းစနေ said...

ဟေ့.. အမှတ်(၄) ကျောင်းဖက် ကန်ဦးကျောင်းထောင့်က
ဖက်ထုပ်ကြော်ဆိုင်ကို ပြောတာလား... တွေးကြည့်တာနဲ့ လျှာရေတောင်
ယိုပါတယ်ကွာ... အဲဒီဆိုင်က အိမ်နဲ့ နီးတော့ ခဏခဏ ရောက်ဖြစ်တယ်..

Color Blind said...

ဟုတ်တယ်...အဲဒီဆိုင်ပဲ...

seinlae said...

I also want to eat :cry

madison said...

yes that's the shop i miss most and looking for the picture

Anonymous said...

့တောင်ခြေ ကဆိုက်လား
လွမ်းတယ်ဗျာ မစားရတာ ၅ နှစ်ရှိပြီ

Unknown said...

လွမ်းလိုက်တာနော်
ဖတ်နေရင်တောင် စိတ်ကူးနဲ့ ရောက်ပြီး စားနေမိတယ်.
ဘယ်အချိန်မှ ပြန်ရောက်ပြီး စားရမလဲ မသိတော့ဘူး

Anonymous said...

I also want to eat coz I like this food......

Me

ရှမ်းလေး said...

ဖက်ထုပ်ကြော်...နာမည်ကြားတာနဲ့သွားရည်ယိုချင်လာပြီ...ဘယ်နေရာနဲ့မှမတူတဲ့မြီးရှည်အရသာလေးလဲဆွဲချင်လိုက်တာ.မစားရတာခြောက်နှစ်ကျော်ပြီလုပ်ကြပါအုံး......စားချင်လွန်းလို့ပါ.....

Anonymous said...

MISS MISS MISS MISS

naing said...

ကျနော်..မူလတန်းဘ၀ကဖက်ထုပ်ကြော်ဆိုင်က..
ညောင်ရွှေရေကန်ဒေါင့်နားမှာ

Anonymous said...

အခုရောအဲဒီဆိုင်ရှိသေးလား..
အဲဒီ့လမ်းနာမည်ကကျောက်တလုံးလမ်းတဲ့..
လွမ်းမိပါသည်..

Anonymous said...

အချစ်ပေါတဲ့သစ်တောမှာနေခဲ့သူတစ်ဦးပါ...
ပြန်မလာနိုင်ပေမဲ့..အမြဲသတိရပါတယ်...