Sunday, July 29, 2007

ကြေငြာချက်

တောင်ကြီးချယ်ရီမြေ Blog စပြီး ဖြစ်တည်လာခဲ့တာ ၂လဆိုတဲ့ အချိန် ပြည့်တော့ပါမယ်။ Post တွေလဲ ၁၀၀ ပြည့်ဖို့ ၁ခုပဲ လိုပါတော့တယ်။ ၀ိုင်းဝန်းရေးသားကြတဲ့ Author တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ လာရောက် ကြည့်ရှုကြတဲ့ အနီး၊ အဝေး ဧည့်သည်များကိုလဲ ကျေးဇူးတင်ပါတယ်။ CBox နဲ့ Comments တွေမှာ Participate လုပ်ပေးကြသူများကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

တောင်ကြီး ချယ်ရီမြေ အနေနဲ့ ၀င်ရေးချင်လို့ ပြောထားကြသူတွေကိုလဲ အစဉ်သဖြင့် ကြိုဆိုလက်ခံပြီး Author ဖြစ်စေခဲ့ပါတယ်။ တောင်ကြီး ချယ်ရီမြေမှာ အထူးပါဝင် ရေးသားပေးမယ်လို့ ယူဆရသူများကိုလဲ သီးသန့် Invite လုပ်ပြီး Author ဖြစ်စေခဲ့ ပါတယ်။ သို့ပေမဲ့လဲ အချို့ Author များ အနေနဲ့ တောင်ကြီးချယ်ရီ ၂လ ပြည့်တော့မဲ့ အချိန်တိုင်အောင် Post တစ်ခုမှ မတင်နိုင်သေးတာလဲ တွေ့ရပါတယ်။ အဲ့ဒီအတွက် Post မတင်ရသေးသော Author များကိုလဲ ဒီ Blog အတွက် နဲနဲလောက်ဖြစ်ဖြစ် ကျိုးစားပေး စေချင်ပါတယ်။

Post တစ်ခုမှ တင်ဖို့ရာ အချိန်မပေးနိုင်မယ့် Author တွေကို သူတို့ အနေနဲ့ တောင်ကြီးချယ်ရီမြေကြောင့် ၀န်ထုတ်ဝန်ပိုး မဖြစ်စေချင်သည်က တစ်ကြောင်း၊ Post တစ်ခုမှ မတင်ဘဲ Author ဆိုသော နာမည်ကိုလည်း သူတို့မှလဲ လိုချင်မှာ မဟုတ်ဘူးလို့ ယူဆမိသည်က တစ်ကြောင်း၊ စတဲ့ အကြောင်းရပ်တွေကြောင့် တောင်ကြီး ချယ်ရီမြေ ရဲ့ ၂လပြည့်မဲ့ သြဂုတ်လ ၅ရက်နေ့ အထိ၊ Post မတင်နိုင်သော Author များကို Author စာရင်းမှ ပြန်လည် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ တောင်ကြီးချယ်ရီမြေ Blogကို စည်စည်ကားကားနဲ့ အများအတွက် တစ်စုံတစ်ခု ပေးစွမ်းနိုင်ဖို့၊ ကိုယ်မွေးဖွားရာ၊ နေထိုင်ရာ ဒေသကို ဒီ Blog နဲ့ ပြန်လည် အကျိုးပြုနိုင်ဖို့ ရည်ရွယ်ပြီး၊ အင်တိုက်အားတိုက် ကျိုးစားပမ်းစား ဆောင်ရွက်ခဲ့ကြတာပါ။ အထိုက် အလျောက်လဲ အောင်မြင်မှု ရတယ်လို့ ယူဆပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ Blog မှာ ပါဝင်တဲ့ Information နဲ့ Photo တွေပဲ ဖြစ်ပါတယ်။ အများအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ အနေနဲ့ တက်နိုင်သမျှ Update ဖြစ်တဲ့ အကြောင်းအရာတွေ၊ Photo တွေကို ဒီ Blog မှာ တင်ပေးထားပါတယ်။ အဲ့ဒီ Information တွေ၊ Photo တွေကို အကြောင်းကြောင်းကြောင့် တစ်ခြားနေရာမှာ ကူးယူဖော်ပြမယ်ဆိုပါက Author များကို လေးစားသောအားဖြင့် မည်သည် မှ ရယူထားကြောင်း Reference လုပ်ပေးစေချင် ပါတယ်။ Author များ အနေနဲ့လဲ မိမိကိုယ်ပိုင် မဟုတ်တဲ့ Data တွေပါရှိပါက တက်နိုင်သမျှ ရည်ညွှန်းချက် ထည့်ပေးစေချင် ပါတယ်။ ဒါမှလဲ ပိုင်ရှင်များကို အသိအမှတ် ပြုရာ ရောက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ Blog ပါ အကြောင်းအရာများ အတွက် ကျန်တဲ့ အခြား ကန့်သက်ချက်တွေ မရှိပါဘူး။ လွတ်လပ်စွာ ကူးယူနိုင်ပါတယ်၊ ဖော်ပြနိုင်ပါတယ်။

Music Player မှာ လဲ အဝေးရောက် မြန်မာတွေ အတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ တက်နိုင်သမျှ ဘယ်မှာမှ မရနိုင်တဲ့ သီချင်းအသစ်တွေ၊ သီချင်းအကောင်းလေးတွေ ထည့်ပေးသွားပါမယ်။ သို့ပေမဲ့ တေးသံရှင်တွေကို အားပေးသော အနေနဲ့ မိမိကိုယ်တိုင်သာ နားထောင်ဖို့၊ Download မလုပ်ပဲ Player မှာသာ နားထောင်ဖို့၊ အခြားသူတွေကို ပြန်လည် မဖြန့်ဖို့ဝေဖို့ အသိပေးလိုပါတယ်။

Blog ရဲ့ Status လေးတွေကတော့
Number of Authors - 20
Number of Pre-Authors - 4
Number of Posts - 98
Number of Hits - 8400
Number of Comments - 115
အသီးသီးဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လဲ တောင်ကြီးချယ်ရီမြေကို တစတစ ရင့်ကျက်လာအောင်၊ ဒီထက် ပိုမို ပြည့်စုံလာအောင် Contributors များ၊ Authors များမှ လုံးပမ်းသွားမည်လို့ ပြောကြားရင်း ၁၀၀ ပြည့် Post ကို ဘယ်သူက၊ ဘာတွေ တင်မလဲဆိုတာ စောင့်ကြည့်ကြပါစို့လား..

ရေးပြီးတော့မှ ပြန်ဖတ်ကြည့်တယ် နဲနဲ များ လေးသွားသလားလို့.. ကျွန်တော်တို့ က ဒီ Blog ကို တက်နိုင်သမျှ ပေါ့ပေါ့ပါးပါးပဲ ဖြစ်စေချင်ပါတယ်.. :) ဒါပေမဲ့လဲ မတက်နိုင်ဘူးလေ ရေးဖို့လိုတယ် အောက့်မေ့လို့ ရေးလိုက်ရတာပါ.. နားလည်ပေးနိုင်မယ် ထင်ပါတယ်..

No comments: