Wednesday, July 11, 2007

တောင်ကြီး မှ မွေတော်ကက္ကူဘုရားသို့..

တောင်ကြီးမှာ နောက်ထပ် ကျွန်မသွားဖြစ်ခဲ့တဲ့ နေရာကတော့ မွေတော်ကက္ကူဘုရားပါ။

ကျွန်မနဲ့ ကံစပ်တယ်လို့လည်း တွေးမိတယ်။ ဒါကြောင့် တောင်ကြီးရောက်တိုင်း ကက္ကူဘုရားကို မဖြစ်မနေ သွားဖူးဖြစ်ပါတယ်။ ကျွန်မသိရသလောက်ကတော့ ကက္ကူဘုရားတည်ထားတဲ့နေရာက အရင်တုန်းကဆိုရင် အနက်ရောင်နယ်မြေ အဖြစ်သတ်မှတ်ထားလို့ ဘုရားဖူးတွေသွားလို့မရပါဘူး။ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အဖြူရောင်နယ်မြေ ဖြစ်တော့မှ တန်ခိုးကြီးဘုရား၊ ရှေးဟောင်းဘုရား ဆိုပြီးနာမည်ကြီးလာတာနဲ့အမျှ ဘုရားဖူးတွေ အလာများတဲ့ နေရာဖြစ်ခဲ့ပါတယ်။ မွေတော်ကက္ကူဘုရားကို တောင်ကြီးကနေတဆင့်သွားဖူးကြရတာပါ။ လမ်းက သိပ်မကောင်းပေမယ့် တောင်ကြီးကနေ သွားမယ်ဆိုရင် ၂ နာရီ၊ ၂ နာရီခွဲလောက် ကားမောင်းပြီးမှ ကက္ကူဘုရားကို ရောက်ပါတယ်။

ကားလမ်းတောက်လျှောက်မှာ ပအို့ဝ်ရွာတွေကိုဖြတ်ပြီးသွားရတာဆိုတော့ သူတို့ဒေသရဲ့ ရာသီအလိုက် စိုက်ပျိုးလေ့ရှိတဲ့ ယာခင်းတွေကို ငေးကြည့်ရင်းသွားရတာ ကျွန်မအတွက်က အသစ်အဆန်းတွေချည်းပါပဲ။ ပထမတခါ သူငယ်ချင်းမိသားစုနဲ့သွားတုန်းက ကြက်သွန်ဖြူ ရိတ်သိမ်းချိန်ဆိုတော့ လမ်းမှာ ကြက်သွန်ဖြူအတွဲလိုက်တွေကို ထော်လာဂျီနဲ့သယ်လာတာမျိုးတွေ့ရသလို အိမ်တိုင်း အိမ်တိုင်းမှာလည်း ကြက်သွန်ဖြူ အတွဲလိုက်တွေကို စုချည်ထားပြီး နေပူလှမ်းထားတာတွေ့ရပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ကြက်သွန်ဖြူလို့ မထင်ပါဘူး။ ကျွန်မတို့ရန်ကုန်ဘက်ရောက်ရင်သာ ကြက်သွန်ဖြူက သေချာသပ်ရပ်ပြီးသား ဆိုင်ပေါ်ရောက်ပေမယ့် တကယ်မြင်ရတဲ့ ရိတ်သိမ်းပြီးစ နေပူလှမ်းထားတဲ့ကြက်သွန်ဖြူ အတွဲလိုက်တွေကို ကျွန်မ ဘာတွေလှမ်းထားတာလဲဆိုပြီး ကားသမားကို မေးမှ ကြက်သွန်ဖြူတွေ လှမ်းထားတယ်ဆိုတာ သိရတာပါ။

ဒုတိယတခေါက်မှာတော့ ကြည့်လိုက်တိုင်း အိမ်တိုင်းက အပင်တမျိုး ကို စိုက်ထားတာ သတိထားမိပါတယ်။ ပထမတခါသွားတုန်းကလည်း စိုက်ထားရင် စိုက်ထားမှာပါ ကျွန်မသတိမထားမိ တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ဒီတခေါက်တော့ သတိထားမိရင်းက ကျွန်မလည်း တခါမှ မမြင်ဖူးဘူး၊ အိမ်တိုင်းလည်း စိုက်ထားကြတယ်ဆိုတော့ ဘာအပင်လည်းလို့ ကားသမားဦးလေးကြီးကို မေးတော့ သနပ်ဖက်ပင်တဲ့။ ဆေးလိပ်လိပ်ရင် သုံးတဲ့ သနပ်ဖက်ဆိုတာ ဒီလိုကိုးဆိုပြီး သိရတာပါ။ တကယ် ဆေးလိပ်လိပ်ရာမှ သုံးတဲ့ အရွက်က ဘယ်လိုအရွက်လည်းဆိုတာ အပင်မှာတွေ့ရင်တောင် သိတဲ့လူက မပြောပြပဲ ကျွန်မ ဘယ်လိုမှ မသိနိုင်တဲ့ အပင်မျိုးတွေပါ။ တခြားစိုက်ခင်းတွေအပြင် ကြက်သွန်နီစိုက်ထားတာမျိုးတွေလည်းရှိပါတယ်။

တတိယ တခါသွားတော့ ဇန်န၀ါရီလမှာပါ။ လမ်းတောက်လျှောက်က ချယ်ရီပင်တွေနဲ့ ဂျုံစိုက်ခင်းတွေကို ဖြတ်ရင်း အပင်မှာ ပွင့်နေတဲ့ ချယ်ရီပန်းကို တောင်ကြီးချယ်ရီက ဘယ်လိုများပါလဲဆိုပြီး တကူးတက လိုက်ကြည့်မိပါတယ်။ ချယ်ရီပင်က သေချာစီရီပြီး စိုက်ထားတာမဟုတ်တော့ ကွက်ကြား၊ ကွက်ကြား ပွင့်ရှာရတာပါ။ ကျွန်မ ကြုံဖူးရတာက ဂျပန်မှာ ချယ်ရီပွင့်ပြီဆိုရင် အားလုံးက စုပြီး ချယ်ရီပန်းကြည့်ပွဲ လုပ်ကြပါတယ်။ သူတို့ အခေါ်ကတော့ Hanami ပေါ့။ ချယ်ရီပွင့်တာကို ခံစားပြီး ချယ်ရီပင်အောက်မှာ အားလုံး ပျော်ပွဲစား ထွက်သလိုမျိုးလုပ်ကြတာပါ။ ချယ်ရီပန်းကြည့်ချိန်ဆိုရင် လူတိုင်း ခလေး၊ လူကြီး အရွယ်စုံ ချယ်ရီကြည့်ပွဲကို လာလို့ အရမ်းလူစည်ကားလှသလို ပျော်ဖို့လည်းကောင်းပါတယ်။ ဂျပန်မှာက ချယ်ရီပင်ကို ကျောင်း၊ ပန်းခြံ နာမည်ကြီးတဲ့နေရာတိုင်းလိုလို တစုတဝေးထဲ စိုက်ထားတာဆိုတော့ ပွင့်ရင်လည်း အရမ်းလှပါတယ်။ ဒါကြောင့် တောင်ကြီးသွားတုန်းက ပွင့်ရှာတဲ့ချယ်ရီပန်းပင်တွေက လမ်းတောက်လျှောက်ကို ဟိုတကွက် ဒီတကွက်ပွင့်တာဆိုတော့ တပြိုင်တည်းပွင့်ရင် တော်တော် ကြည့်လို့လှမှာပဲလို့ အတွေးဝင်မိတာပါ။

မွေတော်ကက္ကူဘုရားရောက်တော့ ပျက်စီးနေတဲ့ဘုရားဆင်းတုတော်တွေ စေတီတွေက မနည်းလှပါဘူး။ အခုလက်ရှိလှူဒါန်းပြုပြင်ထားတဲ့ စေတီတော်တွေကိုလည်း မြင်ခဲ့ရပါတယ်။ ပြုပြင်ထားတဲ့ ဘုရားစေတီတွေရဲ့ လက်ရာက ရုတ်တရက် ကြည့်မိရင် ပုဂံက ဘုရားတွေနဲ့ ဆင်တူတယ်လို့ ထင်ရပေမယ့် တကယ့်တကယ် သေချာကြည့်မိရင်တော့ လက်ရာကွဲပြားတယ်ဆိုတာ ကျွန်မ ခံစားမိသလိုပါပဲ။ မွေတော်ကက္ကူဘုရားမှာ တည်ထားကိုးကွယ်တဲ့ စွယ်တော်နဲ့ ဗုဒ္ဓ ဆင်းတုတော်ကိုတော့ ဓာတ်ပုံပေးမရိုက်ပါဘူး။ အလှူဒါန နဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသားတွေရဲ့ ဆိုရိုးစကားလေးတခုကြားဖူးပါတယ်။ ”တမူးရလို့ တပဲလှူ ဒို့ရှမ်းတောင်သူ မှီနိုင်ယိုးလား” ဆိုတဲ့ဆိုရိုးစကားအတိုင်းပါပဲ။ ရှမ်းတိုင်းရင်းသားတွေရဲ့ သဒ္ဓါတရားထက်သန်ကြတာလည်း လေးစားအတုယူဖို့ကောင်းပါတယ်။

ဒါကြောင့် တောင်ကြီးချယ်ရီမြေမှာ Virtual Tour ဆိုပြီး မွေတော်ကက္ကူဘုရားသွားလည်ရအောင်လို့ တင်ထားတာမြင်တော့ ကျွန်မလည်း ရောက်ဖြစ်ခဲ့တဲ့တောင်ကြီးခရီးစဉ်ထဲက မွေတော်ကက္ကူဘုရားအကြောင်းကို ဝေမျှရင်းနဲ့ တောင်ကြီးမြို့မှာလည်း ချယ်ရီတွေ ဝေနေအောင်ပွင့်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ။

မရန်ကုန်သူ

Photo Sources: Fascinating Myanmar CD Rom add by Admin

5 comments:

Taunggyi - The Cherry Land said...

မရန်ကုန်သူရေ Photos လေးတွေထည့်ပြီး အားဖြည့်ပေးလိုက်တယ်နော်.. ဆက်ရေးပါဦး..

Andy Myint said...

ဒီတစ်ခါ မြန်မာပြည် မပြန်ခင် မရန်ကုန်သူ ရေးထားတာတွေကို Print ထုတ်၊ ပြန်ဖတ်ပြီး အဲဒီ ခရီးစဉ်လိုမျိုး သွားလို့ရအောင် လုပ်ဦးမယ်။ ရေးထားတာတွေ ဖတ်ပြီး အရမ်း သွားချင်လာတယ်။ ကလေးနဲ့တော့ ဘယ်လို စီစဉ်ရမယ် မသိသေးပေမယ့် ဒီလိုပဲ စိတ်ကူးကြည့်ရတာပေါ့။ ဆက်ရေးပါဦး။ ရန်ကုန်သူမို့ တော်တော့တယ်။ တောင်ကြီးသူသာဆိုရင် တပြည်နယ်လုံး အကြောင်း ရေးမယ်ထင်တယ်... အဟဲ။ ကျေးဇူး...

Ma Yangon Thu said...

Andy ရေ..

အဟီး..စိတ်ကူးတုန်းကတော့ ၁ ပုဒ် ၂ ပုဒ်ရေးမယ်ဆိုပြီး စိတ်ကူးတာ။ နောက်တော့ အရှိန်မသတ်နိုင်တာနဲ့... အခုလိုစာတွေ အကြောင်းအရာတွေ ရှည်ကုန်တာ.. အားပေးတာ ကျေးဇူးပါ။

Unknown said...

michael kors uk
camisetas futbol baratas
coach outlet store
indianapolis colts
winter coats
tiffany and co
marc jacobs
boston celtics
cheap oakley sunglasses
nfl jerseys
cheap soccer jerseys
michael kors handbags
lacoste shirts
lebron shoes
golden state warriors
north face outlet
giuseppe zanotti outlet
michael kors uk outlet
nike roshe
minnesota vikings
1112minko

Unknown said...

yeezy boost
celine outlet online
ralph lauren outlet
ugg outlet online
true religion jeans
christian louboutin outlet
longchamp solde
nike foamposite
ugg outlet
cheap jordan shoes
ugg outlet online
versace sunglasses on sale
oakley sunglasses uk
snapbacks wholesale
louis vuitton outlet
cheap ugg boots
fitflops sale
michael kors outlet online
abercrombie and fitch
mulberry handbags sale
nike air max 90
longchamp handbags
true religion jeans
prada handbags
louis vuitton outlet stores
reebok trainers
ugg boots
polo ralph lauren
michael kors outlet
michael kors outlet
nike blazer pas cher
lebron james shoes
air jordan 11
longchamp outlet
mbt shoes
0802jianxiang