Tuesday, July 24, 2007

Taunggyi at the Third Wave

တတိယလှိုင်းမှာ တောင်ကြီးမြို့လဲ တခြားမြို့တော်တွေကို အမှီလိုက်ဖို့ တာဆူနေပါပြီ။ Internet ဆိုတာလဲ တောင်ကြီးသားတွေ ပိုင်ဆိုင်နေပြီလေ။ ICT Knowledge ကိုလဲ သူများတွေနည်းတူ လေ့လာနေကြပါပြီဗျ။

အဲ Third Wave မှာ တောင်ကြီးလဲ ဘယ်လို ခရီးနှင်နေတယ်ဆိုတာ ပြောပြရဦးမယ်။

MCPA ဆိုတာ အားလုံးသိကြမယ်နဲ့ တူပါတယ်။ Myanmar Computer Professional Association ပါ။ အဲ့ဒီ အသင်းက ရန်ကုန်, Mandalay, စစ်ကိုင်း, ဧရာဝတီဆိုတဲ့ မြို့ (၄)မြို့မှာ ဖွဲစည်းထားပြီး၊ Computer နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြတာပေါ့။

တောင်ကြီးမြို့မှာလဲ ၃၁၊ မတ်လ၊ ၂၀၀၇ခုနှစ်မှာ ပထမဆုံးပြည်နယ် အသင်းခွဲအဖြစ် ဂုဏ်ယူဖွယ်ရာ ဖွဲ့စည်းနိုင်ခဲ့ တယ်လေ။ MCIA (Shan State) ဆိုတာလဲ ပါပါတယ်။ သူကတော့ Industrial Association ပါ။ Computer လုပ်ငန်းရှင်တွေ ပေါင်းပြီးဖွဲ့စည်းထားတဲ့ အသင်းပေါ့။

အဲ့ဒီ နေ့မှာပဲ ရန်ကုန်အသင်းချုပ်က အမှုဆောင်တွေ တောင်ကြီးမြို့ကို လာရောက်ပြီး အသိအမှတ်ပြု ဖွဲ့စည်းပေးခဲ့တာ ကျွန်တော်တို့ တောင်ကြီးသားတွေအတွက် အားတစ်ရပ်ပါပဲ။ နောက်ပြီး 1st ICT Exhibition 2007 Taunggyi ကိုလဲ တပြိုင်တည်း ကျင်းပနိုင်ခဲ့တယ်လေ။ အဲ့ဒီပွဲမှာ ရန်ကုန်၊ Mandalay က Computer ဆိုင်တွေက လာရောက်ပြသကြတာ ဆိုင်ခန်း (၂၀) ကျော်တယ်လေ။ Duration ကလဲ (၃)ရက်ကြာပါတယ်။ တောင်ကြီးသားတွေအတွက် Computer Technology တွေ လေ့လာခွင့်ရခဲ့ ကြပါတယ်။ (ကျွန်တော်လဲ အဲ့ဒီပွဲမှာ ဟိုရှောက်ကြည့် ဒီရှောက်ကြည့် လုပ်ခဲ့ ပါသေးတယ်။ )

အဲ့ဒီ MCPA (Shan State) အသင်းဖွဲ့တာတွေ၊ ICT ပြပွဲ ကျင်းပခဲ့တာတွေ၊ ADSL 2+ ရခဲ့တာတွေနဲ့ တပြိုင်နက် တောင်ကြီးသားတွေလဲ Third Wave ထဲကို အလုံးအရင်း တိုးဝင်ခဲ့ကြပါတော့တယ်။ Internet ကလဲ 1Hour ကို (၅၀၀)ကျပ်နဲ့ Internet Cafe တစ်ခုက စပြီး ချတာနဲ့ ကျန်တဲ့ Cafe တွေကလဲ လိုက်ချခဲ့ ကြတယ်လေ။ Internet user တွေအတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ပျော်ရွှင်စရာ တစ်ခုပေါ့။ အရင်ကထက် ထက်ဝက်၊ အများကြီး သက်သာသွားခဲ့တယ်လေ။ ရန်ကုန်, Mandalay တို့လို မြို့ကြီးတွေနဲ့ တန်းတူ ဈေးပေါပေါ သုံးခွင့်ရသွားတော့ တောင်ကြီးသားတွေ Internet World ကို စုပြုံ ၀င်လာကြတာ အလျင်အမြန်ပါပဲ။ အခုဆိုရင်လဲ Internet Cafe/PAC တွေ မှိုလိုပေါက်လာကြတာ ကျွန်တော်တို့ မျက်စိရှေ့မှာပါပဲ။ လက်(၂)ဘက်နဲ့ အထက် Cafe တွေ တိုးတက်လာ တာတောင် တစ်ချို့ဆိုင်တွေမှာဆို ထိုင်ခုံမလောက်ဘူးလေ။ Queue ကြတဲ့ သူတွေကလဲ မသုံးရမချင်း မပြန်ကြဘူးဗျ။ တစ်ခါတစ်လေ Internet Connection ကျနေရင်တောင် စိတ်ရှည်ရှည် သုံးကြသေး တယ်။

နောက်ပြီး MCPA (Shan State) နဲ့ MCIA (Shan State) တို့ ပူးပေါင်းပြီး၊ ကွန်ပြုတာနဲ့ နည်းပညာ ကျောင်းတွေမှာ University Level Programming ပြိုင်ပွဲ လုပ်ခဲ့သေးတယ်ဗျ။ ပထမဆုံး အကြိမ် ပြိုင်ပွဲ ဆိုပေမဲ့လဲ ကွန်ပြူတာက (၄၈)ယောက်နဲ့၊ နည်းပညာက (၁၃)ယောက် ၀င်ပြိုင်ကြတာ အားရစရာပါပဲ။ တစ်ကျောင်းကို အကောင်းဆုံး တစ်ယောက်ရွေးပြီး ဆုပေးခဲ့သေးတယ်။ ဆုငွေကတော့ ကျပ်(၅၀၀၀၀)တဲ့ဗျ။

MCPA (Shan State) ကလဲ ဖွဲ့စည်းပြီးပြီးချင်း လှုပ်ရှားမှုတွေလုပ်တယ်လေ။ အခုဆို ICT Resource Center ဆိုတာကို တည်ဆောက်နေကြတယ်လေ။ Computer Field ထဲကလူတွေ Latest ICT Knowledge တွေ ကိုယ့်ဒေသမှာပဲ လေ့လာနိုင်အောင် ကျိုးပမ်းနေကြတာပေါ့။

တကယ်တော့ ဒီ အသင်းဆိုတာ တောင်ကြီး Computer Field ထဲက လူငယ်တွေ စုစည်းပြီး ၀ိုင်းဝန်း ဆောင်ရွက် နေကြတာပါ။ MCPA အသင်းအားလုံးမှာ လှုပ်ရှားမှု အများဆုံးနဲ့ လူငယ်တွေ အများဆုံးပါတဲ့ အသင်းလို့ တစ်ခြားမြို့က အသင်းတွေက ပြောတာကြားရတယ်ဗျ။

အခုလဲ တစ်ပတ်တစ်ကြိမ် Seminar တွေလုပ်နေတာ ၂လပြည့်တော့မယ်လေ။ Computer နဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေ ဟောပြောနေကြတာ စာဆောင်တွေထဲမှာလဲ တွေ့နိုင်ပါတယ်။ လာတက်ကြတဲ့ Audience တွေကလဲ (၄၀၊ ၅၀)နဲ့ အားရစရာပါပဲ။ (ကျွန်တော်လဲ တက်နိုင်သမျှ သွားနားထောင်ပါတယ်။ ) ဘာပဲပြောပြော တောင်ကြီးသားတွေ ICT Field မှာ သူများတွေနဲ့ ယာဉ်မောင်တန်းနိုင်အောင် ကျိုးစား နေကြတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုပါပဲ။ ကျွန်တော်တို့တတွေလဲ Third Wave လှိုင်း စီးနေကြပါပြီ။

တောင်ကြီးသားတွေ ICT မှာ ရှေ့တန်းရောက်လာမယ်ဆိုတာ မကြာတော့တဲ့ နေ့ရက်တွေရောက်ရင် တွေ့မြင်ကြရတော့မှာ ဧကန်အမှန်ပါပဲ။

တောင်ကြီးမြို့ရဲ့ ICT လေ့လာမှု တိုးတက်လာတာတွေကို ဂုဏ်ယူစွာနဲ့ ရေးလိုက်ပါတယ်။

1 comment:

Thinzar said...

ကြားရတာ ၀မ်းသာစရာပါဘဲ။ :)