Sunday, July 15, 2007

တောင်ကြီးမြို့ရှိစေတီများအကြောင်း အပိုင်း (၁)

၁၈၉၄ ခုနှစ် ၊ စက်တင်ဘာလ (၁၅) ရက်နေ့ တွင်စတင်တည်ထောင်ခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း၏မြို့တော် တောင်ကြီးမြို့  ဘေးပတ်လည် တစ်လျှောက် တောင် တန်းများဝန်းရံလျက် ရှိသလို ၊ တောင်တန်းများပေါ်တွင် လည်း စေတီများ နှင့် တင့်တယ်လျက် ရှိပါသည် ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးတွင်ရှိသော များပြား လှစွာသောစေတီပုထိုး ရုပ်ပွားတော်များ ၊ ဘုန်းကြီးကျောင်းများ ၊ စာသင်တိုက်များကို ကြည့်ခြင်းအား ဖြင့် တောင်ကြီး မြို့ သူ ၊ မြို့ သားများ ၏ သဒ္ဒါတရားကို သိနိုင်ပေသည် ။ ၄င်းများပြားလှသောစေတီပုထိုးရုပ်ပွား တော်များမှ ကျွန်တော်လေ့လာသိရှိ သလောက် ပြန်လည် ရေးသားခြင်းဖြစ်ပါသည် ။

၁။ စူဠာမုနိလောကချမ်းသာစေတီ

စူာမုနိလောကချမ်းသာစေတီသည် တောင်ကြီးမြို့၏ အရှေ့တောင်အရပ်ရှိ ဂေါက်ကွင်း အနီးတည်ရှိသော မြေပြန်အကျယ်ဧက (၁၁) ဧက ခန့်ရှိပြီး ၊ အမြင့်ပေ (၃၀၀)ပေ ခန့်ရှိသောကုန်းမြေပေါ်တွင် စေတီကို တည်ထားခဲ့သည်။ စူာမုနိလောကချမ်းသာစေတီ ကို စတင်တည်ထားကိုးကွယ်ခဲ့သော ခုနှစ်သည် တောင်ကြီးမြို့ နှစ် (၁၀၀) ပြည့်အချိန်အခါ နှင့် တိုက်ဆိုင်နေလေသည်။

စူာမုနိလောကချမ်းသာစေတီတော်ကြီး၏ ဥာဏ်တော်အမြင့်မှာ (၁၀၈) ပေ၊ အထွဋ်စေတီတော်အမြင့် (၂၀) ပေ၊ကွန်းတော်အမြင့် (၂၄) ပေ၊ အာရုံခံတိုက်မအကျယ် (၁၁၃)ပေ၊ဖိန်ပတော်အလျား (၁၇၇) ပေ ၊ လှိုဏ်ပတ်လမ်း (တစ်ဖက်) (၈၈) ပေ ၊ အထွဋ်စေတီ (၁) ဆူ၊ ကွန်းတောင်အရံစေတီ (၄) ဆူ ၊ တိုက်မအရံစေတီ (၄)ဆူ မုခ်ဦးစေတီ (၈)ဆူ တို့ဖြင့်တည်ထားကိုးကွယ်ခဲ့ပါသည်။

စူာမုနိလောကချမ်းသာစေတီ၏အဓိပ္ပါယ်မှာ -

စူာ = အထွဋ်အထိပ်၊ ဦးစွန်း ၊ မကိုဋ် ၊ ဥသျှောင်

မုနိ = ဘုရား

လောက = သတ္တ၊ သင်္ခါရ၊ သြကာသ ၊ လောကသုံးပါး

ချမ်းသာ = ကိုယ် ၊ စိတ်ချမ်းသာမှု

လောကသုံးပါးလုံး၏သတ္တ၀ါဝေနေယျအားလုံးကိုယ် စိတ်နှစ်ပါးချမ်းသာစေရန်ရည်ရွယ် ပြီး တောင်ထိပ်ပေါ်တွင် တည်ထားကိုးကွယ်သည့်ဘုရား အထွဋ်အထိပ် ဘုရားဟု အဓိပ္ပါယ်ရ ပါသည်။

PS . ( တောင်ကြီးမြို့ မှစေတီရုပ်ပွားတော်များ အပိုင်း (၂) တွင် ရွှေဘုန်းပွင့်စေတီနှင့် ဓါတ်ပေါင်းစုရွှေစေတီ (မြစိမ်းတောင်စေတီ) အကြောင်းများကို ဖော်ပြပေးသွားပါမည်။)

2 comments:

Anonymous said...

တောင်ကြီးမြို့အထွက် ကရင်မရေထွက်နားက ”ရန်ကင်းစေတီ” ကလဲ အရမ်းအေးချမ်းပြီး အရမ်းလှတဲ့နေရာလေးနော်.......အဲဒီစေတီလေးကြောင်းကိုလဲအလွမ်းပြေ အဖြစ် တင်ပေးပါနော်......:-)

Unknown said...

red bottoms shoes on sale mizuno shoes mizuno wave red bottoms shoes mizuno wave prophecy 3 louboutin outlet fitflop shoes mbt shoes sale fitflops sandals fitflop outlet mbt Shoes fitflops sale ray ban sunglasses for men ray ban outlet cheap ray ban sunglasses cheap ray bans ray ban sunglasses outlet oakley sunglasses outlet Nike Air Max Nike Air Max 2016 cheap jordan shoes jordans for sale cheap kd shoes Cheap Nike Air Max