Sunday, July 15, 2007

ကျွန်မသိတဲ့ ချယ်ရီ

cherry

(၁)နှစ်အရွယ် တောင်ကြီးရောက်စက တောင်ကြီးဟိုတယ်နဲ့ လမ်းလျှောက်ရင် (၁၅) မိနစ်ပဲ ဝေးတဲ့ နေရာမှာ ကျွန်မနေခဲ့တယ်။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ပြီး အားလုံးဟာ ခြံနဲ့ဝင်းနဲ့ပါပဲ။ ယူကလစ်ပင်၊ ချယ်ရီပင်၊ ထင်ရှူးနဲ့ ထောပတ်ပင်ကို ရပ်ကွက်လမ်းတကာမှာ တွေ့ရတတ်တယ်။ အထူးသဖြင့် ဟိုတယ်ဝင်းထဲမှာ ချယ်ရီပင်နဲ့ စိန်ပန်းပြာကို အများဆုံးတွေ့ရတယ်။ ငယ်ငယ်တုန်းက ညနေပိုင်းဆိုရင် ဟိုတယ်ဝင်းထဲ မကြာခဏရောက်ဖြစ်တယ်။ လေအလွှင့်မှာ ကြွေကျလာတဲ့ သစ်ရွက် ဒါမှမဟုတ် ပန်းပွင့်တွေကို မြေမကျခင် ဖမ်းမိရင် ကံကောင်းတယ်လို့ ကြားဖူးတာကြောင့် နွေဆိုရင် စိန်ပန်းပြာတွေ လိုက်ကောက်၊ ဆောင်းဆိုရင် ချယ်ရီပွင့် ချယ်ရီသီးတွေ လိုက်ကောက်နဲ့ ကျွန်မပျော်ခဲ့ပါတယ်။

ချယ်ရီရွက်တွေကို ခူယားတွေက အရမ်းကြိုက်တာပဲလား မသိဘူး။ ဆောင်းမ၀င်ခင် ချယ်ရီပင်ပေါ်မှာ ခူယားတွေဟာ အရွက်တွေနဲ့ လုံးထွေးနေတာကို တွေ့ရတတ်တယ်။ ဆောင်းဝင်ရင် အရွက်တွေ အကုန်ကြွေပြီး ဖူးတံလေးတွေ ထွက်လာတယ်။ ပန်းတွေပွင့်ပြီး အသီးလေးတွေ သီးချိန်မှ အရွက်တွေဟာ ပြန်ထွက်လာ တတ်တယ်။ ဒါကြောင့် ချယ်ရီပွင့်ချိန်မှာ ချယ်ရီပင်ရဲ့ တစ်ပင်လုံးဟာ အစိမ်းရောင် အရွက်ကို မတွေ့ရဘဲ ပန်းရောင်အပွင့်တွေနဲ့ ဝေဆာနေတယ်။ ချယ်ရီတွေက တစ်ကိုင်းမှာ ၃ မှ ၅ အထိ အပွင့်တွေ စုပြီး ပွင့်ကြတယ်။ ပန်းပွင့်တွေက အပန်းရောင် တောက်တောက်ဖြစ်ပြီး ညိုးနွမ်းပြီး ကြွေခါနီးရင် ဖျော့ကုန်ကြတယ်။

ချယ်ရီသီးတွေက ထွက်စမှာ အစိမ်းရောင်ဖြစ်ပြီး မှည့်ရင် တဖြေးဖြေးနဲ့ ခရမ်းရောင်ဖက်ကို ပြောင်းလာတယ်။ သပြေသီးနဲ့ ခပ်ဆင်ဆင်ပါ။ တစ်ချို့အသီးတွေက ဖန်ပြီး တစ်ချို့ကချိုပါတယ်။ ငယ်ငယ်တုန်းက ချယ်ရီသီးတွေကို ဆိုးဆေးအဖြစ် ကျွန်မတို့ ဆော့ကစားခဲ့ကြတယ်။

အရင်တုန်းက ဆောင်းဆိုရင် တောင်ကြီးတစ်မြို့လုံးကို ပန်းရောင်နဲ့ လွှမ်းထားသလိုပဲ တောင်ပေါ်တစ်ကြောလုံး ချယ်ရီတွေနဲ့ ဝေနေခဲ့တယ်။ နွေဆိုရင်လည်း ဘယ်နေရာ ကြည့်ကြည့် စိန်ပန်းပြာတွေနဲ့ မိုးတွင်းဆိုရင်လည်း မြေမှာ ကပ်ပေါက်တဲ့ အပန်းရောင်၊ အဖြူရောင် မိုးဆန်းပန်းတွေနဲ့ တောင်ကြီးမြို့က အလှကြီး လှနေတတ်တယ်။

၂၀၀၁ ဇန်န၀ါရီ အိမ်တစ်ခေါက်ပြန်တုန်းက ချယ်ရီတွေကို သိပ်မတွေ့ရတော့ပါဘူး။ စားဝတ်နေရေးအတွက် သစ်ပင်ခိုးခုတ်ကြတဲ့ လူတွေကိုပဲ အပြစ်တင်ရမလား၊ ပြောင်းလဲလာတဲ့ ကမ္ဘာ့အပူရှိန်ကိုပဲ အပြစ်တင်ရမလား.. ကျွန်မလည်း မပြောတတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် တောင်ကြီးဆိုရင် ချယ်ရီ... ချယ်ရီဆိုရင် တောင်ကြီးရဲ့ အထိမ်းအမှတ်အဖြင့် တည်ရှိနေဦးမှာပါပဲ။

5 comments:

လင်းမိုးလက် said...

ကျွန်တော်ထင်တာက ရထားလမ်း ဖောက်လိုက် မှ ချယ်ရီတွေ မျိုးပြုတ်ကုန်သလားလို့

Unknown said...

michael kors uk
camisetas futbol baratas
coach outlet store
indianapolis colts
winter coats
tiffany and co
marc jacobs
boston celtics
cheap oakley sunglasses
nfl jerseys
cheap soccer jerseys
michael kors handbags
lacoste shirts
lebron shoes
golden state warriors
north face outlet
giuseppe zanotti outlet
michael kors uk outlet
nike roshe
minnesota vikings
1112minko

John said...

polo ralph lauren uk
louis vuitton purse
louis vuitton uk
ugg outlet
nike trainers
skechers shoes
canada goose outlet
louis vuitton borse
cheap ray bans
coach outlet online
pandora charms
hermes belt
ugg australia outlet
michael kors outlet
louboutin pas cher
armani exchange
babyliss flat iron
prada outlet
adidas nmd
fitflop uk
ray bans
polo ralph lauren
coach outlet
canada goose jackets
jordans shoes
fitflops sale clearance
timberland uk
coach factory outlet online
hollister clothing store
air jordans
birkenstock shoes
hugo boss outlet online
mizuno running shoes
hollister clothing store
ugg outlet
michael kors bags
adidas superstar
201681yuanyuan

chenmeinv0 said...

christian louboutin sale
louis vuitton outlet
instyler curling iron
replica rolex watches
adidas stan smith
coach outlet
kate spade outlet
rolex watches clearance
red bottom heels
cheap oakley sunglasses
2017.1.22xukaimin

raybanoutlet001 said...

buffalo bills jerseys
nike huarache
minnesota vikings jerseys
nike trainers
polo ralph lauren
polo ralph lauren
tory burch outlet
christian louboutin sale
ray ban sunglasses
coach outlet online