Sunday, July 29, 2007

ယုဒသန်

အဲဒီနေရာလေးကို စရောက်ဖူးတာ ၂၀၀၀ခုနှစ်လောက် မှာဖြစ်မယ်ထင်တယ် ။ နောက်ပိုင်း တက္ကသိုလ်ကျောင်းသားဘဝ ရဲ့ နေ့ပိုင်းအချိန်တွေက စာသင်ခန်း နဲ့ အဲဒီနေရာမှာ တစ်ဝက်စီပါပဲ ။ အဲဒီကို အများဆုံးက သူငယ်ချင်းတွေ နဲ့သွားဖြစ်တယ် ။ တစ်ခါတစ်လေတော့ တစ်ယောက်တည်း ။ တစ်ချို့ရက်တွေမှာက နှစ်ယောက်တွဲပေါ့ ။

ယုဒသန် တဲ့ ။ သစ်တောရပ်ကွက် ၊ အရှေ့မြို့ပတ်လမ်း နဲ့ လမ်းကျဉ်းလေးရဲ့ ထောင့် ခြံဝင်းထဲက ဆိုင်လေးတစ်ဆိုင်ပါ ။ လက်ဖက်ရည်ဆိုင်လို့ပဲ ခေါင်းစဉ်တပ်ရမယ် ထင်တယ် ။ နေရာလေးကတော့ ဆိတ်ငြိမ်တဲ့ နေရာလေးပါပဲ ။ ဆိုင်ရဲ့အပြင်အဆင် ကလည်း ရိုးရိုးရှင်းရှင်းလေး ။ မြေသိပ်မညီတဲ့ နေရာမှာဆိုတော့ လှေကားသုံးထစ် လောက်ခြားပြီး အပေါ် နဲ့ အောက်နှစ်ခြမ်း လိုဖြစ်နေတယ် ။ စားပွဲတွေက အနိမ့် နဲ့ အမြင့်တွေအပြင် စာသင်ခုံလိုလို ခုံတန်းလေး နှစ်ခုလဲ ရှိသေးတယ် ။ ခြံစည်းရိုးက တောင်ကြီးမှာ သိပ်မတွေ့ရတော့တဲ့ ခြံစည်းရိုးပင်တွေနဲ့ ။ ဆိုင်ထဲက ပန်းအိုးတွေမှာ စိုက်ထားတာက ပန်းသိပ်မပွင့်တဲ့ အစိမ်းရောင်အပင်တွေ ။

အစားအသောက်တွေကလဲ တော်တော်လေးကို စုံစုံလင်လင် ရနိုင်တယ် ။ လက်ဖက်ရည် ၊ ကော်ဖီ ၊ အအေး ၊ ရေခဲမုန့် အစရှိသဖြင့်ပေါ့ ။ ရှမ်းခေါက်ဆွဲ ၊ ချဉ်ငံစပ် စတဲ့ ရိုးရာ အစားအစာတွေနဲ့ အခြားစားစရာ တွေအများကြီးပါပဲ ။ ဒါ့အပြင် တစ်ခြားဆိုင်တွေမှာ မတွေ့ဖူးတဲ့ ထူးထူးဆန်းဆန်းတွေလည်း ရနိုင်သေးတယ် ။ black coffee လိုပဲ tea black တဲ့ ။ ပြီးတော့ ဆီထမင်း နဲ့ ခရမ်းချဉ်သီး ဖျော်ရည် ။

နောက်ပိုင်း လက်ဖက်ရည်ဆိုင်တွေက ဖျော်ဖြေရေး အသွင်ဆောင်လာ လို့လားတော့ မသိ ။ တီဗီတွေ တပ်လာကြပေမယ့် အဲဒီမှာတော့ တီဗီ မရှိပါ ။ တမင်တကာ မထားခြင်းပဲ ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် စပီကာကောင်းကောင်းလေး တွေနဲ့တော့ သီချင်းတွေ အမြဲဖွင့်ထားတာ တွေ့ရတယ် ။ သီချင်းတွေက မြန်မာသီချင်း နဲ့ အင်္ဂလိပ်သီချင်းတွေ ။ ကိုယ်ကြိုက်တဲ့သီချင်း ယူသွားပြီး ဖွင့်ခိုင်းလို့လဲ ရသေးတယ် ။ အကြိုက်ဆုံးကတော့ ဖွင့်ထားတဲ့သီချင်း မကြိုက်လို့ ပိတ်ခိုင်းရင်တောင် ဖွင့်လက်စ တစ်ပုဒ်ကိုတော့ ပြီးအောင် နားထောင်ရတယ် ။ အဲဒီမှာ သီချင်းတစ်ပုဒ် ဖွင့်နေရင်းတန်းလန်း ရပ်သွားတာ မရှိပါ ။ ရုတ်တရက် မီးပျက်သွားတာ နဲ့ အခြားအကြောင်းတွေကတော့ ချွင်းချက်ပေါ့လေ ။ သေချာတာတစ်ခုက လူငယ်တွေအတွက် ထိုင်လို့ကောင်းတဲ့ဆိုင်လေး တစ်ဆိုင်ဆိုတာပါပဲ ။


x x x x x x x x x x x x x x x x

8 comments:

Anonymous said...

ယုဒသန် ဆိုတဲ့ဆိုင်လေးကို အရမ်းကြိုက်ပါတရ် ..
ချစ်သူနဲ့ ခိုးပြီးထိုင်ဖူးခဲ့တရ် .. ဆိုင်လေးက လမ်းဘေးမှာ ရှိနေပေမဲ့ .. အပြင်ကနေ ရုတ်တရက်ဘယ်လိုမှ မမြင်နိုင်ခဲ့ဘူးပေါ့နော် .. အဲဒါကြောင့် အဲဒီဆိုင်လေးကိုထိုင်ဖြစ်ခဲ့တရ်ပေါ့နော် ..
အခုတော့ အဲဒီဆိုင်လေးကို လွမ်းမိတရ်ကွာ ... ဝေးခဲ့တာကြာပြီလေ ... တောင်ကြီးပြန်ရောက်မှ ချစ်သူနဲ့အတူလာခဲ့ဦးမရ် .. မျှော်နေတော့ .. ယုဒသန်ရေ ....

Anonymous said...

ဆိုင်လေးကိုစတွေ့ ကတည်းကအရမ်းသဘောကျပြီး တောင်ကြီးကိုရောက်ဖြစ်တဲ့အခါတွေတိုင်းအမြဲသွား ထိုင်ဖြစ်တော့တာပါပဲ။ ကိုယ့်ရဲ့ ချစ်သူလေးနဲ့ အတူ ထိုင်ချင်တဲ့စိတ်တွေလည်းအရမ်းကိုပြင်းပြခဲ့ပေမယ့် ခုချိန်ထိဆန္ဒမပြည့်ခဲ့သေးပါဘူး။ တစ်နေ့ နေ့ ကျရင် တော့ ကိုယ်အလေးချိန်တွေတိုးလို့ ကားပေါ်ကနေ မနည်းဆင်းနေရတဲ့ ချစ်ရသောဇနီးသည်လက်ကို ဆွဲပြီးကလေးတွေအလစ်မှာသွားပြီးထိုင်ဖြစ်အောင် ထိုင်ဦးမယ်...။

Anonymous said...

I do miss Yu Da Than

Anonymous said...

I also miss Yu Da Than a lot.

Anonymous said...

lwan tal 'yu da than' yay......
'kyaung pyaw' group lay nal ever go phit khal tar pop....
khu tot i ka a way ta nay yar mar.........

De De said...

i can't see the picture on my head, bro can u upload the photo please:P

sincerely
Danny

Anonymous said...

ဘူဇွာရောတော်တော်အိုနေဘီလား...




ဖရော်မ်ထိုင်းလဲန်း
အိုက်ငဲ

Ma Oo ét Aung Maw said...

ချဉ်ငံစပ် ခေါက်ဆွဲချက်နည်းလေး လိုချင်ပါတယ်. ငယ်ငယ်တုံးက တောင်ကြီးသွားလည်ပြီး စားဖူးတာပါ။ အရမ်းကြိုက်ပါတယ်။