Thursday, July 12, 2007

မုံတ၀ဂူသို့ တစ်ခေါက် (၄)

မုံတ၀ဂူ အကြောင်း ရေးနေရင်းနဲ့ ကျွန်တော် ခရီးသွား နေရလို့ အဆက်ပျက်သွားခဲ့တာ.. တော်တော်လေး ကြာသွားတာ တောင်းပန်ပါတယ်.. မုံတ၀ဂူ ၀မှာပဲ ထားတော့မှာလား ဆိုပြီး အော်ထားတာလဲ တော်တော် ကြာပါပြီ.. ရေးမယ်ရေးမယ်နဲ့ Mood ပြန်သွားရင်း ကြာသွားတဲ့ အတွက် တောင်းပန်ပါတယ်.. အခု ဇာတ်သိမ်းခန်း စပါပြီ.. J

ပြန်ဆက်ရရင်.. ကျွန်တော်တို့ (၂) ယောက်နဲ့ တစ်ပါး မုံတ၀ဂူထဲကို ချင်းနင်းလို့ ၀င်ခဲ့ပါတယ်.. ဆင်းထုတော်ကြီး (၂)ဆူကို ကျော်လဲ ကျော်ရော ရုတ်ချည်း အမှောင် လွှမ်းသွားပါတယ်.. ပါလာတဲ့ ဓါတ်မီး ကိုယ်စီနဲ့ အမှောင်ထဲ တစတစ ၀င်တိုးခဲ့ကြပါတယ်..

အဲ့ဒီတုန်းက ကျွန်တော်လေ.. ရောက်တုန်းရောက်ခိုက် ဓါတ်ပုံရိုက်ရအောင် ကင်မရာ ကို လက်တစ်ဘက်က ကိုင်ထားရတယ်.. မှောင်နဲ့ မဲမဲမို့ လမ်းလျှောက်လို့ ရအောင် ဓါတ်မီးကလဲ ကျန်တဲ့လက်မှာ ကိုင်ထားရတယ်.. ၀တ်လာတာကလဲ ပုဆိုးဆိုတော့ ကျွတ်များကြရင်ဘယ်လို လုပ်ရမလဲတောင် မစဉ်းစားနိုင်ဘူး.. အဲ့ဒါနဲ့ပဲ ကောက်စိုက်သမ ပုံစံလို ပုဆိုးကို တိုတိုတုတ်တုတ် ခိုင်ခိုင်မြဲမြဲ ၀တ်ထားခဲ့ရတယ်..

မြင်သမျှ အားလုံးကိုလဲ ဓါတ်ပုံက ရိုက်ချင်သေး.. ရှေ့က ဘုန်းဘုန်းနဲ့ ကားဆရာကြီးတို့ ကိုလဲ မျက်ချေ မပျက်အောင် အမီလိုက်ရသေး.. ကျန်ခဲ့မှာတော့ ကြောက်တယ်လေ.. (ဓါတ်ပုံတွေကလဲ ရမ်းရိုက်ရတာပါ)

တစ်ဖြည်းဖြည်းနဲ့ မြေပြင်ကလဲ စွတ်စွတ် စိုစို၊ ရွံ့စေးမြေလိုမျိုး စေးစေးကပ်ကပ်နဲ့ ဖြစ်လာပြီ.. နံရံကို ကိုင်စရာ လက်(၂) ဘက်လုံးကလဲ မအား.. ချော်များ လဲလို့ကတော့ ဖူးယုံတင်မကဘူး ကွဲမှာသေချာတယ်.. ဘေးက ကျောက်နံရံလေ.. ပြေးသာ ဆောင့်မိလိုက်ရင် မတွေးရဲစရာ.. ကိုယ့်အဖြစ်နဲ့ကို မို့ ဖြစ်လို့က ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမယ်..

ဂူကလဲ လူတရပ် ကောင်းကောင်းလွတ်ပါတယ်.. ကျောက်ပန်းဆွဲတွေ ကျောက်ဆက်တွေ ကလဲ သဘာဝအတိုင်း ကျန်နေသေးပါတယ်.. တစ်ခုဆိုးတာက ဂူကိုရောက်လာကြသူတွေက အမှတ်တရ စာတွေ နံရံမှာ ရေးခြစ်ထားကြတာပါ.. နေရာအနံ့မှာ ပါပဲ.. တစ်ယောက်တစ်မျိုးမရိုးအောင် ကမျည်းတင်ထားကြတာတွေ..

လျှောက်လာရင်း တအောင့်လောက်လဲကျရော ဂူဝလေးက သေးပြီး ကျဉ်းသွားပါတယ်.. လူတစ်ယောက် မတ်တပ်ရပ်ပြီးသွားလို့ မရတော့ပါဘူး..

ငုံ့ပြီးမှ သွားမှဖြစ်တော့မှာမို့ ခေါင်းလေးငုံပြီး လေးဘက်ထောက်မတပ် သွားရပါတယ်.. အောက်မှာကလဲ ဗွက်ထနေပြီမို့ ချော်လဲမှာလဲ ကြောက်ရသေးတယ်.. ကိုယ်ဟန်ချက်ကို မနည်းထိန်းရင်း ကျိုးစားပမ်းစား သွားရပါတယ်.. လက်ကလဲကိုင်လို့ မရတော့ မလဲအောင် သတိထားပြီးသွားရပါတယ်..

အဲ့ဒီလို ခါးကိုင်းပြီးသွားရတဲ့ နေရာလေးက ခဏပါပဲ၊ အဲ့ဒါလဲ ကျော်ရော ပြန်ပြီး ကျယ်ဝန်းသွားပြန်ပါတယ်.. ကျောက်တုံးတွေပဲ့က နေတာတွေလဲတွေ့ရပါတယ်.. ဘာမှမပြင်မဆင် ဖြစ်နေတော့ ခက်ခဲနေတယ်လေ..

ဂူက လူတစ်ရပ်ထက် အများကြီးမြင့်နေတာ ပုံမှာတွေ့ရမှာပါ..

ဘုန်းဘုန်းက တစ်ခုလိုက်ပြတယ်.. အဲ့ဒီမှာ ဂူလမ်းဆုံလေးတစ်ခုပါ.. အောက်ဂူကို ဆင်းလို့ရတဲ့ မလွယ်ပေါက် တစ်ခု ရှိပါတယ်.. ရေသံတွေကိုလဲ သဲ့သဲ့ ကြားနေရပါတယ်..

အောက်ဂူကို နွေမှာ ဆင်းလို့ရပေမဲ့ အခုရေတွေရှိတဲ့ အချိန် ဆင်းရင် အနရာယ် ရှိမှာမို့ ကျွန်တော်တို့ ဆင်းမကြည့်ခဲ့ပါဘူး..

နောက်ပြီး အဲ့ဒီဂူပိုင်းပြတ်လေး အဆုံးမှာ ပိတ်သွားတဲ့ ဂူနံရံကိုလဲ ဘုန်းဘုန်းကပြပါတယ်.. အဲ့ဒီနေရာက အရင် လှိုင်ပေါက် ရှိပေမဲ့လဲ တဖြည်းဖြည်းနဲ့ ပိတ်သွားတာ အခု လုံးဝ အပေါက်မရှိတော့ဘူးလို့ ပြောပြပါတယ်.. တကယ်လဲ ပိတ်နေတာ တွေ့ရပါတယ်.. ကျောက်တံခါးလို ပုံစံမျိုး ဖြစ်နေပါတယ်..

ရေခိုးရေငွေ့တွေ ရှိလို့နဲ့ တူတယ်.. ကျွန်တော်တို့ မူလ ဂူလမ်းကြောင်းအတိုင်း အရှေ့ကို ဆက်သွားတော့ အမှုံတွေ ကြ နေတယ်..

Camera တောင် ကောင်းကောင်းရိုက်လို့မရ ဘူး.. အခိုးအငွေ့တွေ အုံ့ဆိုင်းနေတယ်.. Camera မှာလဲ Spot တွေ ပေါ်လာပါတယ်.. ဂူနံရံမှာလဲ အညိုရောင်အမှုံတွေ ကပ်နေတာ တွေ့ရပါတယ်..
ကားဆရာက ဆက်သွားဦးမှာလားပြောတော့ ကျွန်တော် ဆက်သွားချင်နေသေးတယ်.. ဂူကလဲ ၀င်လာတာ ၁၅မိနစ်လောက်ပဲရှိဦးမှာမို့ ကျွန်တော်မ၀သေးဘူး.. ဆက်လျှောက်ကြည့်ချင်သေးတယ်.. ဘာတွေ တွေ့ဦးမလဲလို့ မြင်ချင်သေးတယ်.. သူကတော့ ပြောတယ်.. အသက်ရှူ နဲနဲ ခက်လာတယ်ပေါ့.. ကျွန်တော်ကတော့ စိတ်ဝင်စားနေလို့ပဲလားမသိ.. သတိမထားမိဘူး.. ပုံမှန်လိုပဲလို့ထင်တယ်..

အဲ့ဒီ ဂူကျယ်ကြီးကို ကျော်သွားတော့ ခုနက အမှုံတွေလဲမရှိတော့ပါဘူး.. ပုံမှန်လို ပြန်ဖြစ်သွားပါပြီ.. ဂူကတော့ တော်တော် ကျယ်ပါတယ်.. အမှောင်ကတော့ နက်လာပါတယ်.. အလင်းရောင်ကို ပိုစုပ်နိုင်လာတာမို့ ဓါတ်မီးရောင် သိပ်မတိုးတာ တော့ သတိထားမိပါတယ်.. (အရင်က အလင်းမရှိရင် အမှောင်ပဲ၊ အမှောင်ဆိုတာ တစ်မျိုးပဲ ရှိမယ်ထင်ခဲ့တာ.. Science စာအုပ်တွေ တောင်ဖက် မြောက်ဘက်လုပ်မှ အမှောင်မှာလဲ Degree တွေရှိကြောင်း သိခဲ့ရတယ်လေ.. Absolute အမှောင်ဆိုရင် ဘာအလင်းမှ မပြန်လာအောင် စုပ်ယူပြစ် လိုက်တာတဲ့.. Black Hole ဆိုတာလဲ အဲ့ဒီလိုမျိုး ဖြစ်မှာပါပဲ.. ဒီထက်တော့ ပိုမှာပေါ့.. )

နောက်ထပ် ၁၀မိနစ်လောက်ပဲ လျောက်ခဲ့ပါတယ်.. ဘုန်းဘုန်းက လမ်းဆုံးပြီလို့ပြောတယ်.. ရှေ့မှာ ဂူက ပြတ်နေပါပြီ.. အရင်က တဘက်ခြမ်းကို ကူးဖို့ တံတားလုပ်ထားတာ ပျက်နေတယ်လေ.. အခုဂူကလဲ စိုနေတာမို့ ဒီအတိုင်းကူးရင် သိပ်မကောင်းဘူး လို့ပြောပါတယ်.. ဂူပြတ်အောက်မှာတော့ အရှေ့ကတွေ့ခဲ့တဲ့ ရေဆီးနေတဲ့ အောက်ဂူရှိပါတယ်.. ဘုန်းဘုန်းကတော့ပြောတယ်.. ဒီနေရာအထိကိုပဲ တော်တော်များများ ရောက်ဖူး ကြတယ်တဲ့.. ဒီနေရာရောက်ရင် အောက်ဂူကိုဆင်း.. အဲ့ဒီကနေ လမ်းဆင်းလျှောက်ပြီး ခုနက ဂူလမ်းခွဲကနေ ပြန်တက်ကြတယ်လို့ ပြောပါတယ်.. အဲ့ဒီ အကျော်လေးမှာ နတ်သမီး ရေကန်လို့ ခေါ်တဲ့နေရာ ရှိတယ် လို့လဲ ဘုန်းဘုန်းကပြောတယ်.. အဲ့ဒီလိုပြောတော့ ကျွန်တော် ရှေ့ဆက် ထပ်သွားချင်စိတ် ပေါ်ပြန်ရော.. ဒါပေမဲ့ ဘုန်းဘုန်းနဲ့ ကားဆရာကလဲ မသွားတော့ဖို့ စိတ်ပိုင်းထားလိုက်ပြီနဲ့တူတယ်.. ပြန်ဖို့ ခြေလှန်းနေ ကြပြီလေ.. ကျွန်တော်လဲ မလွဲသာတော့ပဲ ဂူပျက်လေးကို ဓါတ်ပုံရိုက်ရင်း အဲ့ဒီနားမှာ ရောင်လည် ရောင်လည် လုပ်နေလိုက်သေးတယ်.. ပြန်မထွက်ချင်သေးဘူးလေ.. နောက်တော့ ကျွန်တော် ပြန်လှည့် လာခဲ့ပါတယ်.. နောက်တခါပေါ့လို့ စိတ်မှာတော့ တေးထားလိုက်တယ်လေ..

ဂူအပြန်လမ်းကတော့ အသွားကထပ် ပိုမြန်သလိုပါပဲ..

သိပ်မကြာလိုက်ဘူး ကျွန်တော်တို့ အပြင်ပြန်ရောက် လာကြပါတယ်.. ခြေထောက် လက်ထောက်ဆေးပြီး နားတောင်မနားတော့ပဲ ကျွန်တော်တို့ ကားရှိရာ ပြန်လာခဲ့ကြပါတယ်..

ဂူအပြင်က ရေထွက်ပေါက်ပါ.. ဂူထဲကရေတွေက အဲ့ဒီ အပေါက်ကနေ ထိုးထွက်နေပါတယ်..

အတက်ကြီးပဲမို့ ကျွန်တော် မနဲ လျှောက်ရတယ်.. ကားပေါ်လဲရောက်ရော ကျွန်တော် ယိုင်နဲ့နဲ့ပဲ ကျန်တော့တယ်.. အမောဖြေရင်း ရိုက်လာတဲ့ ဓါတ်ပုံလေးတွေ ပြန်ကြည့်ရင်း ကိုယ်တကယ် ရောက်ခဲ့တာမှ ဟုတ်ရဲ့လား။ တကယ်သွားခဲ့တာမှ ဟုတ်ရဲ့လား။ အိမ်မက်များ မက်နေတာလားလို့ ကိုယ့်ကိုယ်ပြန်မေးကြည့် မိနေသေးတယ်..

ကျန်ခဲ့တဲ့ အတိတ်တွေဆိုတာ တကယ်တော့ အိမ်မက်တစ်ခုလိုပါပဲ.. ဆုပ်ကိုင်ထားလို့လဲမရ.. ခဏလေးအတွင်းမှာ ပျောက်ဆုံးသွား.. လွင့်ကွယ်သွားတယ်လေ.. ဒါကြောင့် အဲ့ဒီ ခဏလေးတွေကိုပဲ အကောင်းဆုံး အလှဆုံး ပုံရိပ်တွေအဖြစ် ကျန်ခဲ့အောင် ကျွန်တော်တို့ ချန်ရစ်ရမယ် မဟုတ်လား..

ရဲမြန်မာ

Posted by Admin on behalf of YMA

9 comments:

Ma Yangon Thu said...

မုံတ၀ဂူထဲကို ခေါ်သွားပေးတဲ့ အတွက်ရော၊ မွေတော်ကက္ကူ ရဲ့ဓာတ်ပုံတွေအတွက်ပါ ကျေးဇူးပါ ကိုရဲမြန်မာရေ။

sawphonelu2010@hotmail.com said...

ကျွန်တော် မရောက်ဘူးတဲ့ နေရာ တစ်ခု ကို ကိုယ် ရောက် သလို ခံစားရ အောင် ရေးနိုင်တဲ့ အတွက် ကျေးဇူးပါ။ ကျွန်တော် က ခရီးသွား တာ ကို စိတ်ဝင်စား ပါ တယ်။ ဓါတ်ပုံ တွေ လည်း ရိုက် ချင်ပါတယ်။ အဲဒီ နှစ်ခု လုံး ကို စိတ်ရှိသလောက် မလုပ်နိုင်သေး ပါ။

yma said...

အဲ့ဒီတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို ထပ်တင်ပေးပါ့မယ်.. နေ့လည်ဆို Internet နေမကောင်းလို့ ညကျမှပဲ Post လုပ်လိုက်ပါ့မယ်.. အခုလို ပြောဖော်ရတဲ့အတွက် ကျေးဇူးပါ..

Ma Yangon Thu said...

ဓာတ်ပုံတွေကြည့်ပြီးတော့မှ မုံတ၀ဂူကို ပိုပြီးတော့တောင် သွားချင်သေးတယ်။ တောင်ကြီးရောက်တုန်း မိတ်ဆွေအန်တီက ပြောတယ်။ မုံတ၀ဂူကို သွားချင်ရင် လူနည်းနည်း စုပြီးတော့မှ သွားတာ ပိုကောင်းမယ်လို့ အကြံပေးတာနဲ့ မရောက်လိုက်ရဘူး။ နောက်တခါမှ.. :)

Taunggyi - The Cherry Land said...

Sorry ဗျာ ကိုရဲမြန်မာရေ။ သူ Internet နေမကောင်းဘူးဆိုလို့ ကျွန်တော် သူ့ Post ကို တင်ပေးလိုက်တာ။ သေသေချာချာ မစစ်လိုက်ရဘူး ဖြစ်သွားတယ်။ အခုပြင်ပေးလိုက်ပါပြီ။ Sorry ကို ရန်မြန်မာ အဲမှားလို့ ကိုရဲမြန်မာ :D

နိုင်းနိုင်းစနေ said...

ခပ်ရေးရေးသာ သတိရတော့တဲ့ ပုံရိပ်တွေကို ပုံဖော်ပေးတဲ့အတွက် ကျေးဇူး အထူး ...း)
ပုံတွေကြည့်ပြီး လိုဏ်ခေါင်းတွေက ကြောက်စရာကြီး..
ဒါကို အဆုံးထိ ၀င်ဖို့ ကြိုးစားခဲ့တယ်. ပြန်တွေးရင် ကြက်သီးတောင် ထမိတယ်။

Anonymous said...

Hello Ko Ye' Myanmar

I want to see this Mon Ta Wa Guu photo.
Could you send me this email address.

hwkyaw@gmail.com

Ms HinnWintKyaw

raybanoutlet001 said...

christian louboutin shoes
michael kors handbags
cleveland cavaliers
oakland raiders jerseys
coach outlet
converse trainers
ralph lauren outlet
nike shoes
arizona cardinals jerseys
boston celtics jersey

te12 said...

qzz0726
michael kors outlet
michael kors wallets
air jordan shoes
longchamp outlet
ferragamo shoes
balenciaga sneakers
uggs outlet
suns jerseys
oakley sunglasses
oakley sunglasses