Saturday, July 21, 2007

ဘုရားအမှတ်စဉ်- ၆၆၄ အပိုင်း (၂)



မကြာခင်ပဲ သွားခေါ်တဲ့ကောင်လေးနဲ့အတူ အရွယ်မတိမ်းမယိမ်း ကောင်လေး ၁ ယောက် ပါလာပြီး သူက ကျွန်မတို့ကို အရံစေတီငယ်တွေက ပြုပြင်ဖို့ကုန်သွားပါပြီလို့ပြောပါတယ်။ ကျွန်မတို့ ၂ ယောက်လည်း အံ့အားသင့်ပြီး အရင်တခေါက်လာတုန်းကတော့ ပြုပြင်ဖို့ ဘုရားစာရင်းက တော်တော်များများ ကျန်နေပါသေးတယ်။ ၆ လအတွင်းမှာ ကုန်သွားတာ မြန်လိုက်တာဆိုပြီး သေချာအောင် ပြန်မေးရတာပေါ့။ ရန်ကုန်ကနေ လာရတာဖြစ်လို့ စာရင်းပြန်ကြည့်ပေးဖို့ ထပ်ပြောတော့ လွန်ခဲ့တဲ့ ၁ လ လောက်ကမှ မပြင်ရသေးတဲ့ ဘုရားစာရင်းကို စင်ကာပူက လှမ်းတောင်းလို့ ပို့ပေးလိုက်ရပြီး စင်ကာပူမှာရှိတဲ့ အလှူရှင်တွေက ပြင်မဲ့စေတီစာရင်းကို ပြန်ပေးတဲ့ အထဲမှာ အရံစေတီငယ်က မရှိတော့ပဲ စေတီကြီးတွေပဲ ပြင်ဖို့ကျန်တယ်ဆိုပြီး ရှင်းပြပါတယ်။ စေတီကြီးတဆူပြင်မယ်ဆိုရင်လည်း ကျပ် ၇ သိန်း သတ်မှတ်ထားတယ် ဆိုတော့ ကျွန်မတို့မှာ ပါလာတဲ့ ပိုက်ဆံနဲ့ ဘယ်လိုမှ မလောက်နိုင်ဘူးဆိုပြီး စိတ်ပျက်လက်ပျက် ခုံမှာ ထိုင်ချရင်းက လူက ငိုချင်လာသလိုလိုနဲ့ ဘယ်လိုလုပ်ရမှန်းလည်း မသိတော့ပါဘူး။ (အရံစေတီငယ်က ၂ သိန်းလို့အရင်က သိထားတာဆိုတော့ ၇ သိန်းဆိုရင် မှန်းထားတာထက် အရမ်းကွာနေတာပေါ့။)

စိတ်ထဲမှာလည်း ယူကြုံးမရ ဖြစ်မိတာက ဖြစ်ရလေ.. ရန်ကုန်ကနေ ဒီလိုလှူဖို့ ရည်စူးပြီးလာကာမှ မလှူရပဲ ပြန်သွားရရင်ဆိုတဲ့အတွေးက ခေါင်းထဲဝင်လာလိုက်၊ လှူဖို့ကံ မပါလို့လားဆိုပြီး စိတ်က ဖြစ်လိုက်၊ နောက်တခါဆိုရင်ရော.. အို.. နောက်တခါက နှစ်နဲ့ချီပြီးကြာမှာ ဒီကြားထဲလာနိုင်မှာမဟုတ်ဘူး ဆိုပြီး တွေးလိုက်နဲ့ အတွေးတွေ ရှုတ်ထွေးပြီး လူက ခရီးပန်းတဲ့အရှိန်ရော မထင်ထားတာကို ကြားလိုက်ရတဲ့အတွက်ရော ရင်ထဲစို့တက်လာမိပါတယ်။ အမောစို့တယ်ဆိုတာ ဒီလိုမျိုးပဲဖြစ်မှာလို့တွေးရင်း လမ်းလည်းမလျှောက်ချင်တော့ဘူး လူတကိုယ်လုံးလည်း အားမရှိသလိုဖြစ်ပြီး ဒူးတွေတောင် ယိုင်လာတယ်။ ကျွန်မအမျိုးသားက “ဒါဆိုရင်လည်း ရန်ကုန်ပဲပြန်တာပေါ့၊ အဓိကကတော့ ပျက်နေတဲ့ဘုရားတွေကို ဘယ်သူပဲ ပြုပြင် ပြုပြင်၊ ပြင်တဲ့သူက အရေးမကြီးပါဘူး ပြင်ပြီးဖို့ကသာ အရေးကြီးတာ၊ အခုကိုယ်လှူချင်တဲ့ ဘုရားတွေက ပြင်ထားပြီးသား လှူမဲ့သူ ရှိပြီးသားဆိုတော့ ကောင်းတာပဲပေါ့၊ သိပ်လည်း ခံစားမနေပါနဲ့ ရန်ကုန်ကနေသာ စေတီအကြီးအတွက် ငွေလွှဲပြီး လှူရအောင်ပါ” လို့အားပေးပြီး အာရုံခံတန်ဆောင်းမှာ ဘုရားသွားဖူးဖို့ ခေါ်တော့ ကျွန်မလည်း သွားဖို့ မတ်တပ်ရပ်လိုက်ရပေမယ့် စိတ်ထဲမှာတော့ ဘ၀င်မကျတော့ဘူး။ စိတ်မပြတ်သေးတာနဲ့ ဘုရားက တဆူမှ မကျန်တော့ဘူးလား စာရင်းသေချာ ပြန်ကြည့်ပေးပါအုံးဆိုတော့ သူတို့ဆီက မရှိတော့ပါဘူးဆိုတာပဲကြားရပါတယ်။

နောက်ဆုံးတော့ စိတ်ကို လျော့ချလိုက်ပြီး ဘယ်လို အရံစေတီအကြီးတွေကျန်နေသေးလဲဆိုတာ သိချင်တာရယ် ပြီးတော့ အခုကတည်းက ပြင်ချင်တဲ့ဘုရားကို တခါတည်းသတ်မှတ် ရွေးထားခဲ့မယ် ရန်ကုန်ရောက်မှ ဘဏ်ကနေ တဆင့် တောင်ကြီးကို ငွေလွှဲ လှူမယ်ဆိုတဲ့ စိတ်ကူးနဲ့ ပြင်ဖို့ကျန်နေသေးတဲ့ စေတီအကြီးတွေကို လိုက်ပြပေးပါလို့ စောစောက ကောင်လေးကို ပြောတော့ သူက ခဏစောင့်ပါဦး ဆိုပြီး အပြင်ပြန်ထွက်သွားပြန်ပါလေရော..

တအောင့်ကြာတော့ နည်းနည်း အသက်ကြီးတဲ့သူတယောက်ရောက်လာပြီး ကျွန်မတို့ကို ပြင်ရမဲ့ စေတီကို ပြဖို့ အာရုံခံတန်ဆောင်း သွားတဲ့ အလယ်လမ်းကနေ ခေါ်လာပါတယ်။ တဖြည်းဖြည်း အာရုံခံတန်ဆောင်းနားကို ရောက်ခါနီးကျမှ သူတယောက်တည်း ဘုရားနံပါတ်ကို ကြည့်လိုက် စာရင်းစာအုပ်ကို ကြည့်လိုက် အလုပ်ရှုတ်နေတာမို့ ကျွန်မတို့လဲ ဘာများပြောမလဲဆိုပြီး ရပ်စောင့်နေရတာပေါ့။ ခဏနေတော့မှ ” ဒီဘုရားက လှူမဲ့သူ မရှိသေးဘူး ” ဆိုတဲ့ စကားသံအဆုံးနဲ့ အတူ လမ်းမကြီးဘေးကပ်လျက် ဘုရားကနေ နံပါတ်စဉ် တခုသာ ခြားတဲ့ နောက်ထပ် ဘုရားပျက်တခုစီကို ခေါ်သွားပါတယ်။ အဲဒီ့ဘုရားကတော့ ဘုရားအမှတ်စဉ် - ၆၆၄ ပါ။ ဒီဘုရားဟာ လှူမဲ့သူမရှိသေးတဲ့အပြင် အပျက်အစီးလည်း သိပ်မများဘူး၊ အရံစေတီငယ်လည်း မဟုတ်ဘူး။ စေတီကြီးဖြစ်ပေမယ့် အပျက်အစီး သိပ်မရှိလို့ ပြုပြင်မယ်ဆိုရင် ၄ သိန်းလောက်ပဲ ကုန်ကျလိမ့်မယ်လို့လဲ ပြောရော ကျွန်မတို့လည်း လှူလို့ရပြီဆိုပြီး ၀မ်းသာသွားတယ်။ ကျွန်မ အမျိုးသားက ဒီလောက်ဆို လက်ထဲမှာရှိတဲ့ပိုက်ဆံနဲ့ လှူခဲ့လို့ရတယ် တခါတည်း အလှူငွေပေးခဲ့မယ် လို့ဆုံးဖြတ်ချက်ချလိုက်ပြီး အလှူငွေပေးဖို့ ဂေါပက ရုံးဘက်ကို ခြေလှမ်းပြန်လှည့်ရပါတယ်။ ဒီတခါ လှမ်းတဲ့ခြေလှမ်းက ပေါ့ပါးသွက်လက်ပြီး ကျွန်မ၀မ်းသာတာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင်ပါပဲ။ ရည်စူးထားတဲ့ အလှူဒါန တခုအတွက်ရော၊ လုပ်ဖို့ရာ တာဝန်ရှိနေတဲ့ ကိစ္စတခုကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့တဲ့အတွက်ရော၊ မလှူဖြစ်ဘူးလို့ ထင်ထားတဲ့ အလှူအောင်မြင်သွားတဲ့အတွက်ရော ကျွန်မ ကြည်နူးမဆုံး ၀မ်းသာမဆုံးတော့ပါဘူး။ အလှူငွေပေးပြီး ဘုရားရှိခိုးပြီးတာနဲ့ ကျွန်မတို့ မွေတော်ကက္ကူဘုရားက ပြန်လာတော့ နာရီက မွန်းလွဲ ၃ နာရီထိုးခါနီးနေပါပြီ။

၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်နေ့က ပြုပြင်ခဲ့တာ အခု ဒီပို့စ်ကိုရေးတဲ့အချိန်မှာ ၆ လကျော်ရှိပြီမို့ ပြီးစီးလောက်ပြီလို့ ထင်ပါတယ်။ နောက်တခါ ထပ်မရောက်ဖြစ်တဲ့အတွက် ဘုရားပြုပြင်ပြီးသားကို လည်း ကျွန်မတို့ မမြင်ဖူးသေးပါဘူး။ တနေ့နေ့တော့ မွေတော်ကက္ကူဘုရားကို ထပ်သွားပြီး ပြင်ပြီးခဲ့တဲ့ဘုရားအတွက် အလှူရေစက်ချပွဲလုပ်မယ်လို့ ရည်မှန်းထားပါတယ်။

မွေတော်ကက္ကူဘုရားနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဒါန ပြုခဲ့တဲ့ ဘုရားအမှတ်စဉ် ၆၆၄ ကို ဓာတ်ပုံနဲ့အတူ တောင်ကြီးချယ်ရီမြေကနေ ဝေမျှပေးလိုက်ပါရစေ..






မ ရန်ကုန်သူ

11 comments:

ကျော်စွာ said...

ကျွန်တော်က sakura-myanmar.blogspot.com မှာ မရန်ကုန်သူ post ကို ၀င်ဖတ်လိုက်တယ်.. တောင်ကြီးချယ်ရီ က နောက်ကျ လို့......................

Ma Yangon Thu said...

မဟုတ်ရပါဘူး ကိုကျော်စွာရေ.. အမှန်က တောင်ကြီးကို မတင်ခင်မှာ အဲဒီ့မှာ အကြမ်းသဘောမျိုးတင်ပြီး စာပြန်စီပြီးမှ တောင်ကြီးမှာ တင်တာပါ။ အမှားနည်းအောင်လို့။ အဲဒီ့ blog က ကိုယ့်ဘာသာ ကိုယ်စမ်းထားတာမို့လို့ ကျွန်မကလွဲရင် ဘယ်သူ့မှတောင် မသိပါဘူး။ ကိုကျော်စွာ တွေ့သွားတာ ကျွန်မ အံ့သြနေတာ.. တောင်ကြီးအကြောင်းရေးထားတာတွေက တောင်ကြီးချယ်ရီအတွက်ပါပဲ... :)

ကျော်စွာ said...

ကျွန်တော်က blog တွေ နေ့တိုင်းနီးပါး လိုက်ဖတ်ဖြစ်တယ်
တခါတလေလည်း comment ရေးဖြစ်တယ်.. တခါတခါလည်း မရေးဖြစ်ဖူး. မရန်ကုန်သူ blog ကို လည်း လျှောက်လည် ရင်း မတော် တဆ တွေ့တာပါ..

ဘလူးဖီးနစ် said...

သာဓုပါဗျာ။ ဒီအကြောင်းလေးဖတ်လိုက်ရတော့ ကျွန်တော်တို့ ပြည်ချစ်ဘုရားကြီးတည်တုန်းက လုပ်အားပေးခဲ့တာသွား အမှတ်ရပြီး ကြည်နူးမိပါတယ်။ နောင်လဲ ဆက်လက်လှူဒါန်းနိုင်ပါစေဗျာ။

ဘလူးဖီးနစ် said...

ကျွန်တော့ ဘလော့ခ် ကိုလည်း အားရင်လာလည်ပါခင်ဗျာ။ http://www.bluephoenix4mm.blogspot.com

Ma Yangon Thu said...

bluephoenix >> ကျွန်မတို့လည်း ကိုယ်တတ်နိုင်သလောက် ဒါနပြုချင်ပါသေးတယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်။

Unknown said...

louis vuitton handbags
juicy couture tracksuit
hollister clothing
pittsburgh steelers
seattle seahawks
belstaff outlet
michael kors handbags outlet
michael kors outlet online
canada goose outelt
prada sneakers
mlb jerseys
adidas wings shoes
polo shirts
michael kors uk
mulberry outlet store
cheap ugg boots
ysl outlet
nobis jacket
ed hardy clothing
chicago bulls
1112minko

chenmeinv0 said...

adidas trainers shoes
louis vuitton outlet
ugg outlet online
christian louboutin shoes
mlb jerseys wholesale
true religion jeans
tory burch outlet
louis vuitton outlet stores
polo ralph lauren
toms shoes outlet
2017.1.22xukaimin

Unknown said...

rolex watches for sale
louis vuitton
cheap ray ban sunglasses
asics
louis vuitton outlet stores
true religion outlet
michael kors outlet stores
cheap snapbacks
instyler
oakley sunglasses wholesale
20170424caihuali

Unknown said...

oakley sunglasses
cleveland cavaliers jersey
mulberry outlet store
fitflops shoes
michael kors outlet
michael kors handbags
pandora outlet
reebok outlet store
Nike Free shoes
replica watches
20170704caihuali

Unknown said...

2018129 leilei3915
canada goose uk
coach factory outlet
coach factory outlet
kate spade sale
uggs outlet
pandora charms
coach outlet online
canada goose jackets
mlb jerseys wholesale
canada goose jackets